တ​မန်​တော်​ဝတ္ထု 28:25-31 MSB

25 ထို​အ​ခါ အ​ချင်း​ချင်း​ကြား​၌ သ​ဘော​ထား​ကွဲ​လွဲ​သ​ဖြင့် ပြန်​သွား​ကြ​စဉ်​တွင် ပေါ​လု​က “သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ပ​ရော​ဖက်​ဟေ​ရှာ​ယ​အား​ဖြင့် သင်​တို့​ဘိုး​ဘေး​တို့​အား လျောက်​ပတ်​စွာ​ဟော​ပြော​ခဲ့​သည်​ကား

26 ‘သင်​တို့​သည် ကြား​သော​အ​ခါ လုံး​ဝ​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​သော​အ​ခါ​လည်း လုံး​ဝ​သ​တိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်​မည်​ဟု ဤ​လူ​မျိုး​ထံ​သို့​သွား​၍ ပြော​ကြား​လော့။

27 အ​ကြောင်း​မူ​ကား ဤ​လူ​တို့​၏​စိတ်​နှ​လုံး​သည် ထုံ​ထိုင်း​လျက် နား​သည်​လည်း​လေး​လျက် မျက်​စိ​သည်​လည်း​ပိတ်​လျက်​ရှိ​ကြ​၏။ သို့​မ​ဟုတ်​လျှင် သူ​တို့​သည် မျက်​စိ​ဖြင့်​မြင်​၍ နား​ဖြင့်​ကြား​လျက် စိတ်​နှ​လုံး​ဖြင့်​နား​လည်​ကာ ပြောင်း​လဲ​ကြ​သ​ဖြင့် ငါ​သည် သူ​တို့​ကို​ကျန်း​မာ​စေ​ရ​မည်’​ဟု မိန့်​တော်​မူ​၏။

28 ထို့​ကြောင့် ဘု​ရား​သ​ခင်​၏ ဤ​ကယ်​တင်​ခြင်း​တ​ရား​သည် လူ​မျိုး​ခြား​တို့​ထံ စေ​လွှတ်​ခြင်း​ခံ​ရ​၍ သူ​တို့​သည် နား​ထောင်​ကြ​မည်​ဖြစ်​ကြောင်း သင်​တို့​သိ​မှတ်​ကြ​လော့”​ဟူ​သော​စ​ကား​တစ်​ခွန်း​ကို ပြော​လိုက်​လေ​၏။

29 [ဤ​စ​ကား​ကို ပေါ​လု​ပြော​လိုက်​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ပြန်​သွား​ကြ​၏။]

30 ထို့​နောက် ပေါ​လု​သည် နှစ်​နှစ်​ပတ်​လုံး မိ​မိ​ငှား​ရမ်း​ထား​သည့်​အိမ်​၌​နေ​၍ မိ​မိ​ထံ​သို့​လာ​သော​သူ​အ​ပေါင်း​တို့​ကို ကြို​ဆို​လျက်

31 မည်​သည့်​အ​တား​အ​ဆီး​မျှ​မ​ရှိ​ဘဲ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို ရဲ​ရင့်​ခြင်း​အ​ပြည့်​အ​ဝ​ဖြင့် ဟော​ပြော​ကာ သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​အ​ကြောင်း​များ​ကို သွန်​သင်​လေ​၏။