တ​မန်​တော်​ဝတ္ထု 28:28-31 MSB

28 ထို့​ကြောင့် ဘု​ရား​သ​ခင်​၏ ဤ​ကယ်​တင်​ခြင်း​တ​ရား​သည် လူ​မျိုး​ခြား​တို့​ထံ စေ​လွှတ်​ခြင်း​ခံ​ရ​၍ သူ​တို့​သည် နား​ထောင်​ကြ​မည်​ဖြစ်​ကြောင်း သင်​တို့​သိ​မှတ်​ကြ​လော့”​ဟူ​သော​စ​ကား​တစ်​ခွန်း​ကို ပြော​လိုက်​လေ​၏။

29 [ဤ​စ​ကား​ကို ပေါ​လု​ပြော​လိုက်​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ပြန်​သွား​ကြ​၏။]

30 ထို့​နောက် ပေါ​လု​သည် နှစ်​နှစ်​ပတ်​လုံး မိ​မိ​ငှား​ရမ်း​ထား​သည့်​အိမ်​၌​နေ​၍ မိ​မိ​ထံ​သို့​လာ​သော​သူ​အ​ပေါင်း​တို့​ကို ကြို​ဆို​လျက်

31 မည်​သည့်​အ​တား​အ​ဆီး​မျှ​မ​ရှိ​ဘဲ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို ရဲ​ရင့်​ခြင်း​အ​ပြည့်​အ​ဝ​ဖြင့် ဟော​ပြော​ကာ သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​အ​ကြောင်း​များ​ကို သွန်​သင်​လေ​၏။