တ​မန်​တော်​ဝတ္ထု 28:3-9 MSB

3 ပေါ​လု​သည် ထင်း​များ​ကို​စု​စည်း​လျက် မီး​ထဲ​သို့​ထည့်​လိုက်​ရာ မြွေ​ဆိုး​တစ်​ကောင်​သည် မီး​အ​ပူ​ရှိန်​ကြောင့် ထွက်​လာ​၍ ပေါ​လု​လက်​၌ တွယ်​ကပ်​လေ​၏။

4 ကျွန်း​သား​တို့​သည် သူ​၏​လက်​မှ​တွဲ​လဲ​ကျ​နေ​သော သတ္တ​ဝါ​ကို​မြင်​သော​အ​ခါ “ဤ​သူ​သည် အ​မှန်​ပင် လူ​သတ်​သ​မား​ဖြစ်​တန်​ရာ​၏။ သူ​သည် ပင်​လယ်​ဘေး​မှ​လွတ်​ခဲ့​သော်​လည်း မျှ​တ​မှု​နတ်​ဘု​ရား​မ​က သူ့​ကို အ​သက်​ရှင်​ခွင့်​မ​ပေး”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

5 သို့​သော် ပေါ​လု​သည် ထို​သတ္တ​ဝါ​ကို မီး​ထဲ​သို့​ခါ​ချ​လျက် မည်​သည့်​ဘေး​ဥ​ပဒ်​မျှ မ​ခံ​စား​ရ​ချေ။

6 ကျွန်း​သား​တို့​က သူ​သည် ယောင်​လာ​တော့​မည် သို့​မ​ဟုတ် ရုတ်​တ​ရက်​လဲ​ကျ​၍ သေ​ဆုံး​လိမ့်​မည်​ဟု​ဆို​လျက် စောင့်​ကြည့်​နေ​ကြ​၏။ သို့​သော် ကြာ​မြင့်​စွာ​စောင့်​ကြည့်​နေ​သော်​လည်း မ​ကောင်း​သည့်​လက္ခ​ဏာ​တစ်​စုံ​တစ်​ခု​မျှ သူ​၌​မ​ဖြစ်​သည်​ကို မြင်​ကြ​သော​အ​ခါ သူ​တို့​သည် စိတ်​ပြောင်း​သွား​၍ ဤ​သူ​ကား ဘု​ရား​ဖြစ်​သည်​ဟု​ဆို​ကြ​၏။

7 ထို​နေ​ရာ​အ​နီး​တွင် ပု​ဗ​လိ​ဟု​အ​မည်​ရှိ​သော​ကျွန်း​သူ​ကြီး​၏​မြေ​ကွက်​များ​ရှိ​၏။ သူ​သည် ငါ​တို့​ကို​လက်​ခံ​၍ သုံး​ရက်​တိုင်​တိုင် ကောင်း​စွာ​ဧည့်​ခံ​လေ​၏။

8 ပု​ဗ​လိ​၏​ဖ​ခင်​သည် အ​ဖျား​အ​နာ​နှင့်​ဝမ်း​ကိုက်​ရော​ဂါ​ခံ​စား​ရ​လျက် အိပ်​ရာ​၌​လဲ​လျောင်း​နေ​၏။ ပေါ​လု​သည် သူ့​ထံ​သို့​ဝင်​ပြီး ဆု​တောင်း​ပေး​ကာ သူ့​အ​ပေါ်​လက်​တင်​၍ သူ့​ကို​ကျန်း​မာ​စေ​၏။

9 ဤ​အ​ရာ​ဖြစ်​ပြီး​နောက် ကျွန်း​ပေါ်​ရှိ​နာ​မ​ကျန်း​ဖြစ်​သော​အ​ခြား​သူ​များ​လည်း ပေါ​လု​ထံ​လာ​ကြ​၍ ရော​ဂါ​ပျောက်​ကင်း​ခြင်း​အ​ခွင့်​ကို​ရ​ကြ​၏။