တ​မန်​တော်​ဝတ္ထု 4:32-37 MSB

32 ယုံ​ကြည်​သူ​တို့​၏​အ​စု​အ​ဝေး​သည် တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​ကြ​၍ မည်​သူ​တစ်​ဦး​တစ်​ယောက်​က​မျှ မိ​မိ​ဥစ္စာ​ပစ္စည်း​များ​ကို မိ​မိ​ပိုင်​ဆိုင်​သည်​ဟု​မ​ဆို​ဘဲ ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို စု​ပေါင်း​ပိုင်​ဆိုင်​သော​အ​ရာ​အ​ဖြစ်​ထား​ကြ​၏။

33 တ​မန်​တော်​တို့​သည် သ​ခင်​ယေ​ရှု​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ကြီး​စွာ​သော​တန်​ခိုး​ဖြင့် သက်​သေ​ခံ​ကြ​၍ ကြီး​မား​သော​ကျေး​ဇူး​တော်​သည် သူ​တို့​အား​လုံး​အ​ပေါ်​သို့ သက်​ရောက်​လေ​၏။

34 သူ​တို့​ထဲ​တွင် ဆင်း​ရဲ​ချို့​တဲ့​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပေ။ အ​ကြောင်း​မူ​ကား မြေ​ကွက် သို့​မ​ဟုတ် အိမ်​ရာ​တို့​ကို ပိုင်​ဆိုင်​သော​သူ​ရှိ​သ​မျှ​တို့​သည် ၎င်း​တို့​ကို​ရောင်း​ပြီး​လျှင် ရ​ရှိ​သော​ငွေ​များ​ကို ယူ​ဆောင်​လာ​ကာ

35 တ​မန်​တော်​တို့​၏​ခြေ​ရင်း​၌​ထား​၍ တစ်​ဦး​ချင်း​စီ​၌ လို​အပ်​မှု​ရှိ​သည့်​အ​တိုင်း အ​သီး​သီး​တို့​အား ခွဲ​ဝေ​ပေး​ကြ​၏။

36 နှစ်​သိမ့်​ခြင်း​၏​သား​ဟူ​သော​အ​ဓိပ္ပာယ်​ရှိ​သည့် ဗာ​န​ဗ​ဟု တ​မန်​တော်​တို့​ခေါ်​ကြ​သော ဆိုက်​ပ​ရပ်​ကျွန်း​သား လေ​ဝိ​အ​နွယ်​ဝင် ယော​သပ်​သည်

37 မိ​မိ​ပိုင်​ဆိုင်​သော​မြေ​ယာ​ကို​ရောင်း​ပြီး​လျှင် ငွေ​ကို​ယူ​ဆောင်​လာ​ကာ တ​မန်​တော်​တို့​၏​ခြေ​ရင်း​၌​ထား​လေ​၏။