1 သို့သော် အာနနိအမည်ရှိသောလူတစ်ဦးသည် သူ၏ဇနီး ရှဖိရေနှင့်အတူ ဥစ္စာပစ္စည်းကိုရောင်းပြီးလျှင်
2 ဇနီးသည်နှင့်သဘောတူလျက် အဖိုးငွေထဲမှအချို့ကို ထိမ်ချန်ထားကာ အချို့သောငွေကိုသာယူဆောင်လာ၍ တမန်တော်တို့၏ခြေရင်း၌ထားလေ၏။
3 ထိုအခါ ပေတရုက “အာနနိ၊ သင်သည် အဘယ်ကြောင့် စာတန်အား သင်၏စိတ်နှလုံးကိုအုပ်စိုးခွင့်ပေး၍ သန့်ရှင်းသောဝိညာဉ်တော်ကိုလိမ်ညာကာ မြေဖိုးထဲမှအချို့ကို ထိမ်ချန်ထားသနည်း။
4 ထိုမြေသည် သင့်လက်ထဲ၌ရှိစဉ် သင်ပိုင်သည်မဟုတ်လော။ ရောင်းပြီးသောအခါ၌လည်း ရရှိသောငွေကို သင်အလိုရှိသည့်အတိုင်း ပြုနိုင်သည်မဟုတ်လော။ သို့ဖြစ်ပါလျက်နှင့် သင့်စိတ်နှလုံးထဲ၌ ဤအမှုကို အဘယ်ကြောင့်ကြံစည်ရသနည်း။ သင်သည် လူကိုလိမ်ညာသည်မဟုတ်ဘဲ ဘုရားသခင်ကိုလိမ်ညာလေပြီ”ဟု ဆို၏။