37 ထိုသူ၏နောက်တွင် သန်းခေါင်စာရင်းကောက်ချိန်၌ ဂါလိလဲနယ်သား ယုဒသည်ပေါ်လာ၍ မိမိနောက်သို့လိုက်ကြရန် လူတို့ကိုသွေးဆောင်ခဲ့၏။ သူသည်လည်း အသတ်ခံရ၍ သူ့နောက်သို့လိုက်သောသူအားလုံးတို့သည်လည်း ကွဲလွင့်သွားကြ၏။
38 သို့ဖြစ်၍ ယခု သင်တို့အား ငါပြောမည်။ ဤသူတို့နှင့် ကင်းရှင်းစွာနေ၍ သူတို့ကိုလွှတ်ထားကြလော့။ အဘယ်ကြောင့်ဆိုသော် ဤအကြံအစည် သို့မဟုတ် ဤလှုပ်ရှားမှုသည် လူတို့ထံမှဖြစ်လျှင် ပျက်စီးသွားလိမ့်မည်။
39 သို့သော် ဘုရားသခင်ထံမှဖြစ်လျှင် သူတို့ကိုဖျက်ဆီး၍မရနိုင်သည်သာမက သင်တို့သည် ဘုရားသခင်ကိုဆန့်ကျင်သူများဖြစ်သွားနိုင်၏”ဟု ပြောဆိုလေ၏။ ထိုသူတို့သည်လည်း သူ၏အကြံပေးချက်ကို လက်ခံကြ၏။
40 ထို့နောက် တမန်တော်တို့ကိုခေါ်လျက် ရိုက်နှက်ပြီးမှ ယေရှု၏နာမကိုအမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် အမိန့်ပေးကာ ပြန်လွှတ်လိုက်ကြ၏။
41 တမန်တော်တို့သည် နာမတော်အတွက် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် မှတ်ယူတော်မူခြင်းခံရသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်ရှေ့မှထွက်သွားကြ၏။
42 ထို့နောက် သူတို့သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း အစဉ်မပြတ်သွန်သင်လျက် ယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောကောင်းမြတ်သောသတင်းကို ဟောပြောကြ၏။