တ​မန်​တော်​ဝတ္ထု 6:12-15 MSB

12 ထို့​ပြင် သက်​ကြီး​ဝါ​ကြီး​များ၊ ကျမ်း​ပြု​ဆ​ရာ​များ​နှင့် လူ​ထု​တို့​ကို လှုံ့​ဆော်​၍ သူ့​ကို​ဝင်​ရောက်​ဖမ်း​ဆီး​ကာ တ​ရား​လွှတ်​တော်​သို့ ခေါ်​ဆောင်​သွား​ကြ​၏။

13 ထို့​နောက် သူ​တို့​သည် မ​မှန်​သော​သက်​သေ​များ​ကို​ခေါ်​လာ​၍ “ဤ​သူ​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့်​ပ​ညတ်​တ​ရား​တို့​အား ဆန့်​ကျင်​သည့်​စ​ကား​ကို အ​စဉ်​မ​ပြတ်​ပြော​ဆို​နေ​ပါ​သည်။

14 အ​ကြောင်း​မူ​ကား ဤ​သူ​က ‘နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​သည် ဤ​နေ​ရာ​ကို​ဖျက်​ဆီး​၍ အ​ကျွန်ုပ်​တို့​အား မော​ရှေ​ပေး​အပ်​ခဲ့​သည့်​ဓ​လေ့​ထုံး​စံ​တို့​ကို ပြောင်း​လဲ​စေ​လိမ့်​မည်’​ဟု ပြော​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​ကြား​ရ​ပါ​သည်”​ဟု ထွက်​ဆို​စေ​ကြ​၏။

15 တ​ရား​လွှတ်​တော်​၌ ထိုင်​နေ​သော​သူ​အ​ပေါင်း​တို့​သည် သ​တေ​ဖန်​ကို စေ့​စေ့​ကြည့်​လျှင် သူ​၏​မျက်​နှာ​သည် ကောင်း​ကင်​တ​မန်​၏​မျက်​နှာ​ကဲ့​သို့​ဖြစ်​သည်​ကို တွေ့​မြင်​ကြ​ရ​၏။