34 ထိုအခါ မှူးမတ်က ဖိလိပ္ပုအား “သင့်ကိုမေးပါရစေ။ ပရောဖက်သည် မည်သူ့အကြောင်းကို ဤသို့ပြောထားပါသနည်း။ မိမိကိုယ်တိုင်အကြောင်းလော။ သို့မဟုတ် အခြားသောသူတစ်စုံတစ်ဦး၏အကြောင်းလော”ဟု ဆိုလေ၏။
35 ဖိလိပ္ပုသည်လည်း မိမိနှုတ်ကိုဖွင့်လျက် ဤကျမ်းချက်မှအစပြု၍ ယေရှုအကြောင်းကို သူ့အား ဟောပြောလေ၏။
36 သူတို့သည် လမ်းအတိုင်း ခရီးဆက်သွားကြစဉ် ရေရှိရာအရပ်သို့ရောက်လာသဖြင့် မှူးမတ်က “ကြည့်ပါ။ ရေရှိသည်။ အကျွန်ုပ်ဗတ္တိဇံခံရန် တားဆီးသည့်အရာရှိပါသလော”ဟု ဆို၏။
37 [ထိုအခါ ဖိလိပ္ပုက “သင်သည် စိတ်နှလုံးအကြွင်းမဲ့ယုံကြည်လျှင် ဗတ္တိဇံခံယူနိုင်ပါသည်”ဟု ဆိုသော် မှူးမတ်က “ယေရှုခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း အကျွန်ုပ်ယုံကြည်ပါ၏”ဟု ပြန်ပြောပြီးလျှင်]
38 ရထားကိုရပ်စေရန် အမိန့်ပေးလေ၏။ ထို့နောက် ဖိလိပ္ပုနှင့်မှူးမတ် နှစ်ဦးစလုံးတို့သည် ရေထဲသို့အတူတကွဆင်းသွားကြ၍ ဖိလိပ္ပုသည် မှူးမတ်အား ဗတ္တိဇံပေးလေ၏။
39 ရေထဲမှတက်လာကြသောအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဖိလိပ္ပုကို ဆောင်ယူသွားတော်မူသဖြင့် ထိုမှူးမတ်သည် ဖိလိပ္ပုကို နောက်ထပ် မတွေ့ရတော့ပေ။ သို့သော် သူသည် ဝမ်းမြောက်လျက် မိမိ၏ခရီးကို ဆက်သွားလေ၏။
40 ဖိလိပ္ပုမူကား အာဇုတ်မြို့၌ပေါ်လာ၍ ဆီဇာရီးယားမြို့သို့ရောက်သည့်တိုင်အောင် မြို့ရွာအားလုံးတို့ကိုလှည့်လည်၍ ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။