4 ကွဲလွင့်သွားသောသူတို့မူကား နှုတ်ကပတ်တရားကို လှည့်လည်ဟောပြောကြ၏။
5 ဖိလိပ္ပုသည်လည်း ရှမာရိနယ်ရှိ မြို့တစ်မြို့သို့သွား၍ လူတို့အား ခရစ်တော်အကြောင်းကိုဟောပြောလေ၏။
6 လူထုပရိသတ်တို့သည် ဖိလိပ္ပုပြုသောနိမိတ်လက္ခဏာများကို ကြားရ၊ မြင်ရသောအခါ သူဟောပြောသည့်အရာများကို တညီတညွတ်တည်းဂရုစိုက်နားထောင်ကြ၏။
7 အကြောင်းမူကား များစွာသောသူတို့ထံ၌ပူးနေသည့် ညစ်ညူးသောနတ်တို့သည် ကျယ်လောင်သောအသံဖြင့်အော်ဟစ်လျက် ထွက်သွားကြ၏။ လေဖြတ်သောသူနှင့် ခြေမသန်စွမ်းသူများစွာတို့သည်လည်း အကောင်းပကတိဖြစ်လာကြ၏။
8 သို့ဖြစ်၍ ထိုမြို့၌ ကြီးစွာသောဝမ်းမြောက်ခြင်းရှိလေ၏။
9 ထိုမြို့တွင် ရှိမုန်အမည်ရှိသော လူတစ်ဦးရှိ၏။ သူသည် ယခင်ကတည်းက မှော်အတတ်ကိုသုံး၍ ရှမာရိနယ်သားတို့ကို အံ့ဩငေးမောစေကာ မိမိကိုယ်ကိုထူးမြတ်သူတစ်ဦးဖြစ်သည်ဟုဆိုလေ့ရှိ၏။
10 လူကြီးလူငယ်ရှိသမျှတို့သည် သူ့ကိုအာရုံစိုက်လျက် “ဤသူသည် ကြီးမြတ်ခြင်းဟုခေါ်သော ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်”ဟု ဆိုကြ၏။