ဗျာ​ဒိတ်​ကျမ်း 1:10-16 MSB

10 သ​ခင်​ဘု​ရား​၏​နေ့​တွင် ငါ​သည် ဝိ​ညာဉ်​တော်​၌​ရှိ​စဉ် တံ​ပိုး​ခ​ရာ​သံ​ကဲ့​သို့ ကျယ်​လောင်​သော​အ​သံ​ကို ငါ့​နောက်​၌​ကြား​ရ​၏။

11 ထို​အ​သံ​က “သင်​မြင်​ရ​သော​အ​ရာ​ကို စာ​စောင်​တွင်​ရေး​သား​၍ ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ​ဒေ​လ​ဖိ​မြို့​နှင့် လော​ဒိ​ကိ​မြို့​တို့​၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ထံ​သို့ ပေး​ပို့​လော့”​ဟု ဆို​၏။

12 ထို​အ​ခါ ငါ​သည် ငါ့​အား​မြွက်​ဆို​သော​အ​သံ​ပိုင်​ရှင်​ကို​တွေ့​မြင်​ရန် လှည့်​ကြည့်​လိုက်​၏။ ထို​သို့​လှည့်​ကြည့်​လိုက်​ရာ ရွှေ​ဆီ​မီး​ခုံ​ခု​နစ်​ခု​နှင့်

13 ထို​ဆီ​မီး​ခုံ​များ​အ​လယ်​၌ ခြေ​ဖျား​တိုင်​အောင်​ရောက်​သော​ဝတ်​ရုံ​ကို​ဝတ်​ဆင်​လျက် ရင်​ဘတ်​၌ ရွှေ​ရင်​စည်း​ကို​စည်း​ထား​သည့် လူ့​သား​နှင့်​တူ​သော​သူ​တစ်​ဦး​ကို ငါ​မြင်​ရ​၏။

14 ထို​သူ​၏​ဦး​ခေါင်း​နှင့်​ဆံ​ပင်​တို့​သည် ဖြူ​သော​သိုး​မွေး​ကဲ့​သို့​လည်း​ကောင်း၊ နှင်း​ပွင့်​ကဲ့​သို့​လည်း​ကောင်း ဖြူ​၍ သူ​၏​မျက်​စိ​တို့​သည် မီး​လျှံ​ကဲ့​သို့​ဖြစ်​ကြ​၏။

15 သူ​၏​ခြေ​တို့​သည် မီး​ပြင်း​ဖို​တွင်​ချွတ်​၍​သန့်​စင်​ထား​သည့် တောက်​ပ​သော​ကြေး​ဝါ​နှင့်​တူ​၍ သူ​၏​အ​သံ​သည် များ​စွာ​သော​ရေ​ဟုန်​၏​အ​သံ​ကဲ့​သို့​ဖြစ်​၏။

16 သူ​၏​လက်​ယာ​လက်​တွင် ကြယ်​ခု​နစ်​လုံး​ရှိ​၍ သူ​၏​ခံ​တွင်း​မှ အ​သွား​နှစ်​ဖက်​ပါ​သည့် ထက်​သော​သန်​လျက်​ထွက်​နေ​၏။ သူ​၏​မျက်​နှာ​သည် မိ​မိ​အ​ရှိန်​အ​ဝါ​ဖြင့် ထွန်း​လင်း​နေ​သော​နေ​ကဲ့​သို့​ဖြစ်​၏။