ဗျာ​ဒိတ်​ကျမ်း 1:15-20 MSB

15 သူ​၏​ခြေ​တို့​သည် မီး​ပြင်း​ဖို​တွင်​ချွတ်​၍​သန့်​စင်​ထား​သည့် တောက်​ပ​သော​ကြေး​ဝါ​နှင့်​တူ​၍ သူ​၏​အ​သံ​သည် များ​စွာ​သော​ရေ​ဟုန်​၏​အ​သံ​ကဲ့​သို့​ဖြစ်​၏။

16 သူ​၏​လက်​ယာ​လက်​တွင် ကြယ်​ခု​နစ်​လုံး​ရှိ​၍ သူ​၏​ခံ​တွင်း​မှ အ​သွား​နှစ်​ဖက်​ပါ​သည့် ထက်​သော​သန်​လျက်​ထွက်​နေ​၏။ သူ​၏​မျက်​နှာ​သည် မိ​မိ​အ​ရှိန်​အ​ဝါ​ဖြင့် ထွန်း​လင်း​နေ​သော​နေ​ကဲ့​သို့​ဖြစ်​၏။

17 ငါ​သည် ထို​သူ​ကို​မြင်​ရ​သော​အ​ခါ သူ​၏​ခြေ​ရင်း​၌​လဲ​ကျ​၍ လူ​သေ​ကဲ့​သို့​ဖြစ်​၏။ ထို​အ​ခါ သူ​သည် ငါ့​အ​ပေါ်​၌ သူ​၏​လက်​ယာ​လက်​ကို​တင်​လျက် “မ​ကြောက်​နှင့်။ ငါ​သည် အ​ဦး​ဆုံး​နှင့်​နောက်​ဆုံး​ဖြစ်​၏။

18 အ​သက်​ရှင်​သော​သူ​လည်း​ဖြစ်​၏။ ငါ​သည် သေ​ခဲ့​၏။ သို့​သော် ကြည့်​ရှု​လော့။ ငါ​သည် ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​လျက်​ရှိ​၏။ သေ​ခြင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ​တို့​၏​သော့​များ​ကို​လည်း ငါ​ကိုင်​ထား​၏။

19 ထို့​ကြောင့် သင်​မြင်​ခဲ့​ရ​သော​အ​ရာ​များ၊ ယ​ခု​ဖြစ်​နေ​သော​အ​ရာ​များ​နှင့် နောင်​တွင်​ဖြစ်​ပျက်​တော့​မည့်​အ​ရာ​များ​ကို ရေး​ထား​လော့။

20 ငါ​၏​လက်​ယာ​လက်​တွင် သင်​မြင်​ရ​သော ကြယ်​ခု​နစ်​လုံး​နှင့်​ရွှေ​ဆီ​မီး​ခုံ​ခု​နစ်​ခု​တို့​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ဓိပ္ပာယ်​မှာ ကြယ်​ခု​နစ်​လုံး​သည် အ​သင်း​တော်​ခု​နစ်​ပါး​၏​စေ​တ​မန်​များ​ဖြစ်​ကြ​ပြီး ဆီ​မီး​ခုံ​ခု​နစ်​ခု​သည် အ​သင်း​တော်​ခု​နစ်​ပါး​ဖြစ်​ကြ​၏။