17 ငါသည် ထိုသူကိုမြင်ရသောအခါ သူ၏ခြေရင်း၌လဲကျ၍ လူသေကဲ့သို့ဖြစ်၏။ ထိုအခါ သူသည် ငါ့အပေါ်၌ သူ၏လက်ယာလက်ကိုတင်လျက် “မကြောက်နှင့်။ ငါသည် အဦးဆုံးနှင့်နောက်ဆုံးဖြစ်၏။
18 အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် သေခဲ့၏။ သို့သော် ကြည့်ရှုလော့။ ငါသည် ကမ္ဘာအဆက်ဆက်အသက်ရှင်လျက်ရှိ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့၏သော့များကိုလည်း ငါကိုင်ထား၏။
19 ထို့ကြောင့် သင်မြင်ခဲ့ရသောအရာများ၊ ယခုဖြစ်နေသောအရာများနှင့် နောင်တွင်ဖြစ်ပျက်တော့မည့်အရာများကို ရေးထားလော့။
20 ငါ၏လက်ယာလက်တွင် သင်မြင်ရသော ကြယ်ခုနစ်လုံးနှင့်ရွှေဆီမီးခုံခုနစ်ခုတို့၏လျှို့ဝှက်နက်နဲသောအဓိပ္ပာယ်မှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏စေတမန်များဖြစ်ကြပြီး ဆီမီးခုံခုနစ်ခုသည် အသင်းတော်ခုနစ်ပါးဖြစ်ကြ၏။