ဗျာ​ဒိတ်​ကျမ်း 1:3-9 MSB

3 အ​ချိန်​နီး​ကပ်​ပြီ​ဖြစ်​၍ ဤ​ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​စ​ကား​ကို ဖတ်​ကြား​သော​သူ​နှင့် ဤ​စ​ကား​ကို​ကြား​နာ​၍ ၎င်း​တွင်​ရေး​ထား​သော​အ​ရာ​များ​ကို လိုက်​နာ​စောင့်​ထိန်း​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

4 ငါ​ယော​ဟန်​သည် အာ​ရှ​ပြည်​ရှိ အ​သင်း​တော်​ခု​နစ်​ပါး​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။ ယ​ခု​ရှိ​လျက် ယ​ခင်​က​လည်း​ရှိ​လျက် နောင်​အ​ခါ​ကြွ​လာ​မည့်​အ​ရှင်​ထံ​မှ​လည်း​ကောင်း၊ ပလ္လင်​တော်​ရှေ့​၌​ရှိ​သော ဝိ​ညာဉ်​ခု​နစ်​ပါး​ထံ​မှ​လည်း​ကောင်း၊

5 သစ္စာ​ရှိ​သော​သက်​သေ၊ သေ​သော​သူ​တို့​ထဲ​မှ အ​ဦး​ဆုံး​ဖွား​မြင်​လာ​သူ၊ ကမ္ဘာ​မြေ​ကြီး​၏​ရှင်​ဘု​ရင်​တို့​ကို​အုပ်​ချုပ်​သူ ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​တော်​ထံ​မှ​လည်း​ကောင်း ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။ ငါ​တို့​ကို​ချစ်​တော်​မူ​၍ မိ​မိ​၏​သွေး​တော်​အား​ဖြင့် ငါ​တို့​အ​ပြစ်​များ​မှ ငါ​တို့​ကို​ဖြေ​လွှတ်​ကာ

6 ငါ​တို့​အား နိုင်​ငံ​တော်​ဖြစ်​စေ​လျက် မိ​မိ​ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​စေ​တော်​မူ​သော​အ​ရှင်​၌ ကမ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ​နှင့်​တန်​ခိုး​အ​ရှိန်​အ​ဝါ​ရှိ​ပါ​စေ​သော။ အာ​မင်။

7 ကြည့်​ရှု​လော့။ ကိုယ်​တော်​သည် မိုး​တိမ်​များ​ဖြင့်​ကြွ​လာ​တော်​မူ​၏။ ထို​အ​ခါ ကိုယ်​တော်​ကို​ထိုး​ဖောက်​ခဲ့​သူ​တို့​မှ​စ​၍ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​မျက်​စိ​ဖြင့် ကိုယ်​တော်​ကို​တွေ့​မြင်​ရ​ကြ​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ လူ​မျိုး​နွယ်​စု​အား​လုံး​သည် ကိုယ်​တော်​ကြောင့် ရင်​ဘတ်​စည်​တီး​လျက်​မြည်​တမ်း​ကြ​လိမ့်​မည်။ မှန်​ပေ​၏။ အာ​မင်။

8 ယ​ခု​ရှိ​လျက် ယ​ခင်​က​လည်း​ရှိ​လျက် နောင်​အ​ခါ​ကြွ​လာ​မည့် အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က “ငါ​သည် အာ​လ​ဖာ​နှင့်​အို​မီ​ဂါ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

9 ယေ​ရှု​၌​ဆင်း​ရဲ​ဒုက္ခ​ကို​လည်း​ကောင်း၊ နိုင်​ငံ​တော်​ကို​လည်း​ကောင်း၊ သည်း​ခံ​ခြင်း​ကို​လည်း​ကောင်း သင်​တို့​နှင့်​အ​တူ မျှ​ဝေ​ခံ​စား​သူ​ဖြစ်​သော သင်​တို့​၏​ညီ​အစ်​ကို ငါ​ယော​ဟန်​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​နှင့် ယေ​ရှု​နှင့်​ဆိုင်​သော​သက်​သေ​ခံ​ချက်​တို့​ကြောင့် ပတ်​မု​ဟု​ခေါ်​သော​ကျွန်း​တွင်​ရောက်​နေ​၏။