ဗျာ​ဒိတ်​ကျမ်း 1:6-12 MSB

6 ငါ​တို့​အား နိုင်​ငံ​တော်​ဖြစ်​စေ​လျက် မိ​မိ​ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​စေ​တော်​မူ​သော​အ​ရှင်​၌ ကမ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ​နှင့်​တန်​ခိုး​အ​ရှိန်​အ​ဝါ​ရှိ​ပါ​စေ​သော။ အာ​မင်။

7 ကြည့်​ရှု​လော့။ ကိုယ်​တော်​သည် မိုး​တိမ်​များ​ဖြင့်​ကြွ​လာ​တော်​မူ​၏။ ထို​အ​ခါ ကိုယ်​တော်​ကို​ထိုး​ဖောက်​ခဲ့​သူ​တို့​မှ​စ​၍ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​မျက်​စိ​ဖြင့် ကိုယ်​တော်​ကို​တွေ့​မြင်​ရ​ကြ​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ လူ​မျိုး​နွယ်​စု​အား​လုံး​သည် ကိုယ်​တော်​ကြောင့် ရင်​ဘတ်​စည်​တီး​လျက်​မြည်​တမ်း​ကြ​လိမ့်​မည်။ မှန်​ပေ​၏။ အာ​မင်။

8 ယ​ခု​ရှိ​လျက် ယ​ခင်​က​လည်း​ရှိ​လျက် နောင်​အ​ခါ​ကြွ​လာ​မည့် အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က “ငါ​သည် အာ​လ​ဖာ​နှင့်​အို​မီ​ဂါ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

9 ယေ​ရှု​၌​ဆင်း​ရဲ​ဒုက္ခ​ကို​လည်း​ကောင်း၊ နိုင်​ငံ​တော်​ကို​လည်း​ကောင်း၊ သည်း​ခံ​ခြင်း​ကို​လည်း​ကောင်း သင်​တို့​နှင့်​အ​တူ မျှ​ဝေ​ခံ​စား​သူ​ဖြစ်​သော သင်​တို့​၏​ညီ​အစ်​ကို ငါ​ယော​ဟန်​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​နှင့် ယေ​ရှု​နှင့်​ဆိုင်​သော​သက်​သေ​ခံ​ချက်​တို့​ကြောင့် ပတ်​မု​ဟု​ခေါ်​သော​ကျွန်း​တွင်​ရောက်​နေ​၏။

10 သ​ခင်​ဘု​ရား​၏​နေ့​တွင် ငါ​သည် ဝိ​ညာဉ်​တော်​၌​ရှိ​စဉ် တံ​ပိုး​ခ​ရာ​သံ​ကဲ့​သို့ ကျယ်​လောင်​သော​အ​သံ​ကို ငါ့​နောက်​၌​ကြား​ရ​၏။

11 ထို​အ​သံ​က “သင်​မြင်​ရ​သော​အ​ရာ​ကို စာ​စောင်​တွင်​ရေး​သား​၍ ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ​ဒေ​လ​ဖိ​မြို့​နှင့် လော​ဒိ​ကိ​မြို့​တို့​၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ထံ​သို့ ပေး​ပို့​လော့”​ဟု ဆို​၏။

12 ထို​အ​ခါ ငါ​သည် ငါ့​အား​မြွက်​ဆို​သော​အ​သံ​ပိုင်​ရှင်​ကို​တွေ့​မြင်​ရန် လှည့်​ကြည့်​လိုက်​၏။ ထို​သို့​လှည့်​ကြည့်​လိုက်​ရာ ရွှေ​ဆီ​မီး​ခုံ​ခု​နစ်​ခု​နှင့်