1 ထို့နောက် ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ကိုခြုံလျက် ကောင်းကင်မှဆင်းလာသည်ကို ငါမြင်ရ၏။ သူ၏ဦးခေါင်းပေါ်တွင် သက်တံရှိ၍ သူ၏မျက်နှာသည် နေကဲ့သို့ဖြစ်ပြီး သူ၏ခြေသည် မီးလျှံတိုင်ကဲ့သို့ဖြစ်၏။
2 သူ၏လက်၌ ဖွင့်ထားသောစာလိပ်ငယ်တစ်ခုရှိ၏။ သူသည် မိမိ၏ယာဘက်ခြေထောက်ကို ပင်လယ်ပေါ်တွင်လည်းကောင်း၊ ဝဲဘက်ခြေထောက်ကို ကုန်းမြေပေါ်တွင်လည်းကောင်း ချထားကာ
3 ခြင်္သေ့ဟောက်သကဲ့သို့ ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။ ထိုသို့ကြွေးကြော်သောအခါ မိုးချုန်းသံခုနစ်ချက်တို့သည် မိမိတို့အသံများဖြင့်မြွက်ဆိုကြ၏။
4 မိုးချုန်းသံခုနစ်ချက်တို့မြွက်ဆိုကြသောအခါ ငါသည်ရေးမှတ်မည်ပြုစဉ် ကောင်းကင်မှအသံက “မိုးချုန်းသံခုနစ်ချက်တို့မြွက်ဆိုသောအရာများကို တံဆိပ်ခတ်ထားလော့။ ၎င်းတို့ကိုရေးမှတ်မထားနှင့်”ဟု ဆိုသည်ကို ငါကြားရ၏။
5 ထိုအခါ ပင်လယ်နှင့်ကုန်းမြေပေါ်တွင်ရပ်နေသည်ကို ငါမြင်ရသောကောင်းကင်တမန်က မိမိ၏လက်ယာလက်ကို ကောင်းကင်သို့မြှောက်လျက်