ဗျာ​ဒိတ်​ကျမ်း 12:1-4 MSB

1 ထို့​နောက် ကောင်း​ကင်​၌ ကြီး​မား​သော​နိ​မိတ်​လက္ခ​ဏာ​ကို​တွေ့​မြင်​ရ​၏။ အ​မျိုး​သ​မီး​တစ်​ဦး​သည် နေ​ကို​ဝတ်​ဆင်​လျက် လ​ကို ခြေ​အောက်​၌​နင်း​ထား​ကာ ဦး​ခေါင်း​ပေါ်​တွင် ကြယ်​တစ်​ဆယ့်​နှစ်​လုံး​ပါ​သော​သ​ရ​ဖူ​ကို​ဆောင်း​ထား​၏။

2 ထို​အ​မျိုး​သ​မီး​သည် ကိုယ်​ဝန်​ဆောင်​၍ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကြောင့် အော်​ဟစ်​လျက် သား​ဖွား​ရန်​မ​ချိ​မ​ဆံ့​ခံ​စား​နေ​၏။

3 တစ်​ဖန် ကောင်း​ကင်​၌ အ​ခြား​သော​နိ​မိတ်​လက္ခ​ဏာ​ကို​တွေ့​မြင်​ရ​၏။ ခေါင်း​ခု​နစ်​လုံး​နှင့် ဦး​ချို​ဆယ်​ချောင်း​ရှိ​၍ သူ​၏​ခေါင်း​များ​ပေါ်​တွင် သ​ရ​ဖူ​ခု​နစ်​ခု​ကို​ဆောင်း​ထား​သည့် နီ​ရဲ​သော​န​ဂါး​ကြီး​တစ်​ကောင်​ရှိ​၏။

4 သူ​၏​အ​မြီး​သည် ကောင်း​ကင်​ကြယ်​သုံး​ပုံ​တစ်​ပုံ​ကို​ဆွဲ​၍ မြေ​ကြီး​ပေါ်​သို့​ပစ်​ချ​လိုက်​၏။ ထို​န​ဂါး​သည် သား​ဖွား​တော့​မည့်​အ​မျိုး​သ​မီး​ရှေ့​၌​ရပ်​လျက် သား​ဖွား​သော​အ​ခါ သူ​၏​သား​ကို​ဝါး​မျို​ရန်​စောင့်​နေ​၏။