ဗျာ​ဒိတ်​ကျမ်း 14:13-19 MSB

13 ထို့​နောက် ကောင်း​ကင်​မှ​အ​သံ​က “ရေး​ထား​လော့။ ယ​ခု​မှ​စ​၍ သ​ခင်​ဘု​ရား​၌​သေ​ဆုံး​သည့် သေ​လွန်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏”​ဟု ပြော​ဆို​သည်​ကို ငါ​ကြား​ရ​၏။ ဝိ​ညာဉ်​တော်​က​လည်း “မှန်​ပေ​၏။ သူ​တို့​သည် မိ​မိ​တို့​၏​ကြိုး​ပမ်း​အား​ထုတ်​မှု​မှ အ​နား​ယူ​ခွင့်​ရ​ကြ​လိမ့်​မည်။ သူ​တို့​ပြု​သော​အ​မှု​များ​သည်​လည်း သူ​တို့​နှင့်​လိုက်​ပါ​လာ​၏”​ဟု မိန့်​တော်​မူ​၏။

14 တစ်​ဖန် ငါ​ကြည့်​လိုက်​ရာ ဖြူ​သော​မိုး​တိမ်​ရှိ​၍ ထို​မိုး​တိမ်​ပေါ်​တွင် ဦး​ခေါင်း​ပေါ်​၌ ရွှေ​သ​ရ​ဖူ​ကို​ဆောင်း​လျက် လက်​၌ ထက်​သော​တံ​စဉ်​ကို​ကိုင်​ထား​သည့် လူ့​သား​နှင့်​တူ​သော​သူ​တစ်​ဦး​ထိုင်​နေ​၏။

15 ထို့​နောက် အ​ခြား​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ဗိ​မာန်​တော်​ထဲ​မှ​ထွက်​လာ​၍ မိုး​တိမ်​ပေါ်​တွင်​ထိုင်​နေ​သော​သူ​အား “မြေ​ကြီး​ပေါ်​မှ​ရိတ်​သိမ်း​စ​ရာ​သည် မှည့်​ပြီ​ဖြစ်​၍ ရိတ်​သိမ်း​ရန်​အ​ချိန်​ကျ​ရောက်​ပြီ​ဖြစ်​သော​ကြောင့် ကိုယ်​တော်​၏​တံ​စဉ်​ကို​လွှတ်​၍ ရိတ်​သိမ်း​တော်​မူ​ပါ”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့် ကြွေး​ကြော်​လေ​၏။

16 ထို​အ​ခါ မိုး​တိမ်​ပေါ်​တွင်​ထိုင်​နေ​သော​သူ​သည် မိ​မိ​၏​တံ​စဉ်​ကို မြေ​ကြီး​ပေါ်​သို့​ဝှေ့​ယမ်း​လိုက်​ရာ မြေ​ကြီး​သည် ရိတ်​သိမ်း​ခြင်း​ကို​ခံ​ရ​လေ​၏။

17 တစ်​ဖန် အ​ခြား​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကောင်း​ကင်​ရှိ ဗိ​မာန်​တော်​ထဲ​မှ​ထွက်​လာ​၏။ သူ​၌​လည်း ထက်​သော​တံ​စဉ်​ပါ​၏။

18 ထို့​နောက် မီး​အ​ပေါ်​အ​ခွင့်​အာ​ဏာ​ရှိ​သည့် အ​ခြား​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ယဇ်​ပလ္လင်​ထဲ​မှ​ထွက်​လာ​၍ ထက်​သော​တံ​စဉ်​ပါ​သော​သူ​အား “စ​ပျစ်​သီး​များ​မှည့်​ပြီ​ဖြစ်​သော​ကြောင့် သင်​၏​ထက်​သော​တံ​စဉ်​ကို​လွှတ်​၍ မြေ​ကြီး​ပေါ်​မှ​စ​ပျစ်​ခိုင်​များ​ကို ရိတ်​သိမ်း​လော့”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့် ဆို​လေ​၏။

19 ထို​ကောင်း​ကင်​တ​မန်​သည်​လည်း သူ​၏​တံ​စဉ်​ကို မြေ​ကြီး​ပေါ်​သို့​ဝှေ့​ယမ်း​လျက် မြေ​ကြီး​ပေါ်​မှ​စ​ပျစ်​ခိုင်​ကို​ရိတ်​သိမ်း​ကာ ဘု​ရား​သ​ခင်​၏​ပြင်း​စွာ​သော​ဒေါ​သ​နှင့်​ဆိုင်​သည့် ကြီး​မား​သော​စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ထဲ​သို့ သွန်​ချ​လိုက်​၏။