ဗျာ​ဒိတ်​ကျမ်း 14:5-11 MSB

5 သူ​တို့​၏​နှုတ်​၌ မု​သား​မ​ရှိ။ သူ​တို့​သည် အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သော​သူ​များ​ဖြစ်​ကြ​၏။

6 ထို့​နောက် အ​ခြား​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကောင်း​ကင်​အ​လယ်​၌​ပျံ​သန်း​နေ​သည်​ကို ငါ​မြင်​ရ​၏။ သူ​သည် ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​နေ​ထိုင်​ကြ​သူ​များ​တည်း​ဟူ​သော တိုင်း​နိုင်​ငံ၊ မျိုး​နွယ်​စု၊ ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သော လူ​မျိုး​အ​သီး​သီး​တို့​အား ဟော​ပြော​ရန် ထာ​ဝ​ရ​တည်​သည့်​ကောင်း​မြတ်​သော​သ​တင်း​ကို​ယူ​ဆောင်​လာ​၏။

7 သူ​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့် “ဘု​ရား​သ​ခင်​တ​ရား​စီ​ရင်​တော်​မူ​ရာ​အ​ချိန် ကျ​ရောက်​လာ​ပြီ​ဖြစ်​၍ ကိုယ်​တော်​ကို​ကြောက်​ရွံ့​လျက် ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကောင်း​ကင်၊ မြေ​ကြီး၊ ပင်​လယ်​နှင့်​စမ်း​ရေ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို ကိုး​ကွယ်​ကြ​လော့”​ဟု ကြွေး​ကြော်​လေ​၏။

8 ထို့​နောက် ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် လိုက်​လာ​၍ “မိ​မိ​၏​တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​ကြောင့် သက်​ရောက်​သည့် ပြင်း​စွာ​သော​ဒေါ​သ​စ​ပျစ်​ဝိုင်​ကို လူ​မျိုး​တ​ကာ​တို့​အား​တိုက်​သော ဘေ​ဘီ​လုံ​မြို့​ကြီး​သည် ပြို​လဲ​ပြီ၊ ပြို​လဲ​ပြီ”​ဟု ကြွေး​ကြော်​၏။

9 တစ်​ဖန် တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် သူ​တို့​နောက်​မှ​လိုက်​လာ​၍ ကျယ်​လောင်​သော​အ​သံ​ဖြင့် “သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို​ကိုး​ကွယ်​လျက် မိ​မိ​န​ဖူး​ပေါ်​တွင်​ဖြစ်​စေ၊ မိ​မိ​လက်​ပေါ်​တွင်​ဖြစ်​စေ သူ​၏​အ​မှတ်​တံ​ဆိပ်​ကို​ခံ​ယူ​သော​သူ​သည်

10 ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ခွက်​၌ မည်​သည့်​အ​ရာ​မျှ​မ​ရော​စပ်​ဘဲ​လောင်း​ထည့်​သည့် ကိုယ်​တော်​၏​ပြင်း​စွာ​သော​ဒေါ​သ​စ​ပျစ်​ဝိုင်​ကို သောက်​ရ​လိမ့်​မည်။ ထို​သူ​သည် သန့်​ရှင်း​သော​ကောင်း​ကင်​တ​မန်​များ​နှင့် သိုး​သ​ငယ်​တော်​၏​ရှေ့​မှောက်​တွင် ကန့်​နှင့်​မီး​တို့​ထဲ​၌ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

11 သူ​တို့​ခံ​ရ​သည့်​ညှဉ်း​ဆဲ​ခြင်း​၏​မီး​ခိုး​သည် ကမ္ဘာ​အ​ဆက်​ဆက်​တက်​လျက်​နေ​၏။ သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို​ကိုး​ကွယ်​၍ သူ့​အ​မည်​၏​အ​မှတ်​တံ​ဆိပ်​ကို​ခံ​ယူ​သော​သူ​သည် နေ့​ရော​ည​ပါ သက်​သာ​ရာ​ရ​လိမ့်​မည်​မ​ဟုတ်”​ဟု ကြွေး​ကြော်​လေ​၏။