ဗျာ​ဒိတ်​ကျမ်း 15:3-8 MSB

3 သူ​တို့​သည် ဘု​ရား​သ​ခင်​၏​ကျွန် မော​ရှေ​၏​သီ​ချင်း​နှင့် သိုး​သ​ငယ်​တော်​၏​သီ​ချင်း​များ​ကို သီ​ဆို​ကာ “အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် ကြီး​မြတ်​၍ အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​၏။ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်၊ ကိုယ်​တော်​၏​နည်း​လမ်း​တော်​တို့​သည် ဖြောင့်​မတ်​၍​မှန်​ကန်​ပါ​၏။

4 အို ထာ​ဝ​ရ​ဘု​ရား၊ မည်​သူ​သည် ကိုယ်​တော်​ကို​မ​ကြောက်​ရွံ့၊ နာ​မ​တော်​ကို​လည်း မ​ချီး​မွမ်း​ဘဲ နေ​လိမ့်​မည်​နည်း။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် သန့်​ရှင်း​တော်​မူ​၏။ ကိုယ်​တော်​၏​ဖြောင့်​မတ်​သော​စီ​ရင်​ချက်​တို့​သည် ထင်​ရှား​သည်​ဖြစ်​၍ လူ​မျိုး​တ​ကာ​တို့​သည် ကိုယ်​တော်​၏​ရှေ့​တော်​သို့​လာ​၍ ရှိ​ခိုး​ကြ​ပါ​လိမ့်​မည်”​ဟု ဆို​ကြ​၏။

5 ထို့​နောက် ငါ​ကြည့်​လိုက်​ရာ ကောင်း​ကင်​၌​ရှိ​သော​သက်​သေ​ခံ​ချက်​တဲ​တော်​တည်​ရာ​ဗိ​မာန်​တော်​သည် ဖွင့်​ထား​လျက်​ရှိ​၍

6 ဘေး​ဒဏ်​ခု​နစ်​မျိုး​ကို​ဆောင်​ထား​သည့် ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​သည် ထို​ဗိ​မာန်​တော်​ထဲ​မှ ထွက်​လာ​ကြ​၏။ သူ​တို့​သည် စင်​ကြယ်​တောက်​ပ​သော​ပိတ်​ချော​ကို​ဝတ်​ဆင်​လျက် ရင်​ဘတ်​၌ ရွှေ​ရင်​စည်း​ကို​စည်း​ထား​၏။

7 ထို​အ​ခါ သတ္တ​ဝါ​လေး​ပါး​ထဲ​မှ​တစ်​ပါး​သည် ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ပြင်း​စွာ​သော​ဒေါ​သ​ဖြင့်​ပြည့်​နေ​သည့် ရွှေ​ဖ​လား​ခု​နစ်​လုံး​ကို ထို​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​အား ပေး​လေ​၏။

8 ဗိ​မာန်​တော်​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး​တော်​တို့​မှ​ထွက်​ပေါ်​သော အ​ခိုး​အ​ငွေ့​များ​နှင့်​ပြည့်​သ​ဖြင့် ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​၏​ဘေး​ဒဏ်​ခု​နစ်​မျိုး​မ​ပြီး​မ​ချင်း မည်​သူ​မျှ ဗိ​မာန်​တော်​ထဲ​သို့​မ​ဝင်​နိုင်​ချေ။