ဗျာ​ဒိတ်​ကျမ်း 16:1-5 MSB

1 ထို့​နောက် ဗိ​မာန်​တော်​ထဲ​မှ​ကျယ်​လောင်​သော​အ​သံ​က “သွား​ကြ​လော့။ ဘု​ရား​သ​ခင်​၏​ပြင်း​စွာ​သော​ဒေါ​သ​ဖ​လား​ခု​နစ်​လုံး​ကို မြေ​ကြီး​ပေါ်​သို့​သွန်း​လောင်း​ကြ​လော့”​ဟု ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​အား ဆို​သည်​ကို ငါ​ကြား​ရ​၏။

2 ပ​ထ​မ​ကောင်း​ကင်​တ​မန်​သည် သွား​၍ သူ​၏​ဖ​လား​ကို မြေ​ကြီး​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ သား​ရဲ​၏​အ​မှတ်​တံ​ဆိပ်​ရှိ​သော​သူ​နှင့် သူ​၏​ရုပ်​တု​ကို​ကိုး​ကွယ်​သော​သူ​များ​၌ အ​လွန်​ဆိုး​ရွား​သော​အ​နာ​စိမ်း​များ​ပေါက်​လေ​၏။

3 ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို ပင်​လယ်​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ ရေ​သည် သေ​သော​သူ​၏​သွေး​ကဲ့​သို့​ဖြစ်​သွား​၍ ပင်​လယ်​ထဲ​၌​ရှိ​သော သက်​ရှိ​သတ္တ​ဝါ​အား​လုံး​သေ​ကြ​၏။

4 တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို မြစ်​များ​နှင့် စမ်း​ရေ​များ​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ ရေ​သည်​သွေး​ဖြစ်​သွား​လေ​၏။

5 ထို​အ​ခါ ရေ​နှင့်​ဆိုင်​သော​ကောင်း​ကင်​တ​မန်​က “ယ​ခု​ရှိ​လျက် ယ​ခင်​က​လည်း​ရှိ​သည့် သန့်​ရှင်း​တော်​မူ​သော​အ​ရှင်၊ ဤ​အ​မှု​အ​ရာ​များ​ကို ကိုယ်​တော်​စီ​ရင်​တော်​မူ​သော​ကြောင့် ကိုယ်​တော်​သည်​ဖြောင့်​မတ်​ပါ​၏။