ဗျာ​ဒိတ်​ကျမ်း 16:2-8 MSB

2 ပ​ထ​မ​ကောင်း​ကင်​တ​မန်​သည် သွား​၍ သူ​၏​ဖ​လား​ကို မြေ​ကြီး​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ သား​ရဲ​၏​အ​မှတ်​တံ​ဆိပ်​ရှိ​သော​သူ​နှင့် သူ​၏​ရုပ်​တု​ကို​ကိုး​ကွယ်​သော​သူ​များ​၌ အ​လွန်​ဆိုး​ရွား​သော​အ​နာ​စိမ်း​များ​ပေါက်​လေ​၏။

3 ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို ပင်​လယ်​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ ရေ​သည် သေ​သော​သူ​၏​သွေး​ကဲ့​သို့​ဖြစ်​သွား​၍ ပင်​လယ်​ထဲ​၌​ရှိ​သော သက်​ရှိ​သတ္တ​ဝါ​အား​လုံး​သေ​ကြ​၏။

4 တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို မြစ်​များ​နှင့် စမ်း​ရေ​များ​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ ရေ​သည်​သွေး​ဖြစ်​သွား​လေ​၏။

5 ထို​အ​ခါ ရေ​နှင့်​ဆိုင်​သော​ကောင်း​ကင်​တ​မန်​က “ယ​ခု​ရှိ​လျက် ယ​ခင်​က​လည်း​ရှိ​သည့် သန့်​ရှင်း​တော်​မူ​သော​အ​ရှင်၊ ဤ​အ​မှု​အ​ရာ​များ​ကို ကိုယ်​တော်​စီ​ရင်​တော်​မူ​သော​ကြောင့် ကိုယ်​တော်​သည်​ဖြောင့်​မတ်​ပါ​၏။

6 အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် သန့်​ရှင်း​သူ​များ​နှင့် ပ​ရော​ဖက်​များ​၏​သွေး​ကို သွန်း​ခဲ့​ကြ​သည်​ဖြစ်​၍ ကိုယ်​တော်​သည် ထို​သွေး​တို့​ကို သူ​တို့​အား​သောက်​ရန် ပေး​တော်​မူ​ပြီ။ သူ​တို့​သည် ထို​သို့​ခံ​ရ​ရန် ထိုက်​တန်​ပေ​၏”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

7 ယဇ်​ပလ္လင်​က​လည်း “မှန်​ပါ​၏။ အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည် မှန်​ကန်​၍ တ​ရား​မျှ​တ​ပါ​၏”​ဟု ပြော​ဆို​သည်​ကို ငါ​ကြား​ရ​၏။

8 စ​တုတ္ထ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို နေ​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ နေ​သည် လူ​တို့​အား မီး​ဖြင့်​လောင်​ရ​သော​အ​ခွင့်​ကို​ရ​၏။