ဗျာ​ဒိတ်​ကျမ်း 17:1-4 MSB

1 ထို့​နောက် ဖ​လား​ခု​နစ်​လုံး​ရှိ​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ထဲ​မှ တစ်​ပါး​သည်​လာ​၍ ငါ​နှင့်​စ​ကား​ပြော​လျက် “လာ​ပါ။ များ​စွာ​သော​ရေ​တို့​အ​ပေါ်​ထိုင်​နေ​သော ပြည့်​တန်​ဆာ​မ​ကြီး​ခံ​ရ​မည့် တ​ရား​စီ​ရင်​ခြင်း​ကို သင့်​အား ငါ​ပြ​မည်။

2 ကမ္ဘာ​မြေ​ကြီး​၏​ရှင်​ဘု​ရင်​တို့​သည် သူ​နှင့်​အ​တူ​တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ကြ​ပြီး ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​နေ​ထိုင်​သော​သူ​တို့​သည်​လည်း သူ​၏​တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​စ​ပျစ်​ဝိုင်​ဖြင့် ယစ်​မူး​ကြ​၏”​ဟု မြွက်​ဆို​ပြီး​လျှင်

3 ငါ့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် တော​ကန္တာ​ရ​ထဲ​သို့ ခေါ်​ဆောင်​သွား​လေ​၏။ ထို​အ​ခါ ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း​ရှိ​၍ ဘု​ရား​သ​ခင်​ကို​စော်​ကား​သော အ​မည်​နာ​မ​များ​ဖြင့်​ပြည့်​နေ​သည့် နီ​မြန်း​သော​သား​ရဲ​ပေါ်​၌ ထိုင်​နေ​သော​မိန်း​မ​တစ်​ယောက်​ကို ငါ​မြင်​ရ​၏။

4 ထို​မိန်း​မ​သည် ခ​ရမ်း​ရောင်​နှင့် နီ​မြန်း​သော​အ​ရောင်​တို့​ကို ဝတ်​ဆင်​ထား​လျက် ရွှေ၊ ကျောက်​မျက်​ရ​တ​နာ​နှင့် ပု​လဲ​တို့​ဖြင့် တန်​ဆာ​ဆင်​ထား​ကာ သူ​၏​လက်​၌ ရွံ​ရှာ​ဖွယ်​ရာ​များ​နှင့် မိ​မိ​၏​တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​၏​ညစ်​ညူး​သော​အ​ရာ​များ​ဖြင့်​ပြည့်​နေ​သော ရွှေ​ခွက်​ကို ကိုင်​ထား​၏။