ဗျာ​ဒိတ်​ကျမ်း 17:10-16 MSB

10 ဘု​ရင်​ခု​နစ်​ပါး​လည်း​ဖြစ်​ကြ​၏။ ငါး​ပါး​သည် ကျ​ဆုံး​ပြီး တစ်​ပါး​သည် ယ​ခု​ရှိ​၏။ ကျန်​တစ်​ပါး​မှာ မ​ပေါ်​ထွန်း​သေး​ပေ။ ပေါ်​ထွန်း​လာ​သော​အ​ခါ​၌​လည်း ခေတ္တ​ခ​ဏ​သာ​တည်​ရ​လိမ့်​မည်။

11 ယ​ခင်​ရှိ​ခဲ့​ပြီး ယ​ခု​မ​ရှိ​သော​သား​ရဲ​သည် အဋ္ဌ​မ​ဘု​ရင်​ဖြစ်​၏။ သူ​သည် ထို​ခု​နစ်​ပါး​ထဲ​မှ တစ်​ပါး​လည်း​ဖြစ်​ပြီး ပျက်​စီး​ခြင်း​သို့​ရောက်​ရ​လိမ့်​မည်။

12 သင်​မြင်​ရ​သော​ဦး​ချို​ဆယ်​ချောင်း​ကား တိုင်း​နိုင်​ငံ​ကို​မ​ရ​သေး​သော ဘု​ရင်​ဆယ်​ပါး​ဖြစ်​ကြ​၏။ သို့​သော် သူ​တို့​သည် သား​ရဲ​နှင့်​အ​တူ မင်း​အာ​ဏာ​စက်​ကို တို​တောင်း​သော​အ​ချိန်​တစ်​ခု​အ​တွင်း ရ​ရှိ​ကြ​လိမ့်​မည်။

13 ထို​ဘု​ရင်​တို့​သည် တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​၍ မိ​မိ​တို့​၏​တန်​ခိုး​နှင့်​အ​ခွင့်​အာ​ဏာ​တို့​ကို သား​ရဲ​အား​ပေး​အပ်​ကြ​လိမ့်​မည်။

14 သူ​တို့​သည် သိုး​သ​ငယ်​တော်​နှင့်​စစ်​တိုက်​ကြ​လိမ့်​မည်။ သို့​သော် သိုး​သ​ငယ်​တော်​သည် သူ​တို့​ကို​အ​နိုင်​ရ​တော်​မူ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် အ​ရှင်​တ​ကာ​တို့​၏​အ​ရှင်၊ ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​နှင့်​အ​တူ​ရှိ​သော​သူ​များ​သည်​လည်း ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​သူ၊ ရွေး​ကောက်​ခံ​ရ​သော​သူ​နှင့် သစ္စာ​ရှိ​သော​သူ​များ​ဖြစ်​ကြ​၏”​ဟု ဆို​၏။

15 ထို့​နောက် ထို​ကောင်း​ကင်​တ​မန်​က “သင်​မြင်​ရ​သော ပြည့်​တန်​ဆာ​ထိုင်​နေ​သည့်​ရေ​များ​သည် တိုင်း​နိုင်​ငံ​များ၊ ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သော လူ​မျိုး​များ​နှင့် လူ​ထု​ပ​ရိ​သတ်​များ​ဖြစ်​ကြ​၏။

16 သင်​မြင်​ရ​သော ဦး​ချို​ဆယ်​ချောင်း​နှင့် သား​ရဲ​တို့​သည် ထို​ပြည့်​တန်​ဆာ​ကို​မုန်း​၍ သူ့​ကို​လုံး​လုံး​ပျက်​စီး​စေ​ကာ အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြစ်​စေ​ကြ​လိမ့်​မည်။ သူ​၏​အ​သား​ကို​လည်း​ကိုက်​စား​၍ သူ့​ကို​မီး​ရှို့​ကြ​လိမ့်​မည်။