ဗျာ​ဒိတ်​ကျမ်း 17:6-12 MSB

6 ထို​မိန်း​မ​သည် သန့်​ရှင်း​သူ​တို့​၏​သွေး​နှင့် ယေ​ရှု​၏​သက်​သေ​များ​၏​သွေး​တို့​ဖြင့် ယစ်​မူး​နေ​သည်​ကို ငါ​မြင်​ရ​၏။ ငါ​သည် သူ့​ကို​မြင်​ရ​သော​အ​ခါ အ​လွန်​အံ့​ဩ​မိ​၏။

7 ထို​အ​ခါ ကောင်း​ကင်​တ​မန်​က “သင်​သည် အ​ဘယ်​ကြောင့်​အံ့​ဩ​သ​နည်း။ ထို​မိန်း​မ​နှင့် သူ့​ကို​သယ်​ဆောင်​သော ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း​ရှိ​သည့် သား​ရဲ​တို့​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ချက်​ကို သင့်​အား ငါ​ပြော​ပြ​မည်။

8 သင်​မြင်​ရ​သော​သား​ရဲ​သည် ယ​ခင်​က​ရှိ​ခဲ့​ပြီး ယ​ခု​မ​ရှိ၊ မ​ကြာ​မီ အ​တိုင်း​မ​သိ​နက်​ရှိုင်း​ရာ​ထဲ​မှ​တက်​လာ​၍ ပျက်​စီး​ခြင်း​သို့​ရောက်​မည်​ဖြစ်​၏။ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​နေ​ထိုင်​သော​သူ​တို့​ထဲ​တွင် ကမ္ဘာ​တည်​ချိန်​မှ​စ​၍ အ​သက်​စာ​စောင်​၌​စာ​ရင်း​မ​ဝင်​သော​သူ​တို့​သည် ယ​ခင်​က​ရှိ​ခဲ့​ပြီး ယ​ခု​မ​ရှိ၊ မ​ကြာ​မီ​ရောက်​လာ​မည့် ထို​သား​ရဲ​ကို​မြင်​လျက် အံ့​ဩ​ကြ​လိမ့်​မည်။

9 ဤ​နေ​ရာ​တွင် ဉာဏ်​ပ​ညာ​ပါ​သော​အ​သိ​စိတ်​ရှိ​ရန်​လို​အပ်​၏။ ခေါင်း​ခု​နစ်​လုံး​သည် ထို​မိန်း​မ​ထိုင်​နေ​သော​တောင်​ခု​နစ်​လုံး​ဖြစ်​ပြီး

10 ဘု​ရင်​ခု​နစ်​ပါး​လည်း​ဖြစ်​ကြ​၏။ ငါး​ပါး​သည် ကျ​ဆုံး​ပြီး တစ်​ပါး​သည် ယ​ခု​ရှိ​၏။ ကျန်​တစ်​ပါး​မှာ မ​ပေါ်​ထွန်း​သေး​ပေ။ ပေါ်​ထွန်း​လာ​သော​အ​ခါ​၌​လည်း ခေတ္တ​ခ​ဏ​သာ​တည်​ရ​လိမ့်​မည်။

11 ယ​ခင်​ရှိ​ခဲ့​ပြီး ယ​ခု​မ​ရှိ​သော​သား​ရဲ​သည် အဋ္ဌ​မ​ဘု​ရင်​ဖြစ်​၏။ သူ​သည် ထို​ခု​နစ်​ပါး​ထဲ​မှ တစ်​ပါး​လည်း​ဖြစ်​ပြီး ပျက်​စီး​ခြင်း​သို့​ရောက်​ရ​လိမ့်​မည်။

12 သင်​မြင်​ရ​သော​ဦး​ချို​ဆယ်​ချောင်း​ကား တိုင်း​နိုင်​ငံ​ကို​မ​ရ​သေး​သော ဘု​ရင်​ဆယ်​ပါး​ဖြစ်​ကြ​၏။ သို့​သော် သူ​တို့​သည် သား​ရဲ​နှင့်​အ​တူ မင်း​အာ​ဏာ​စက်​ကို တို​တောင်း​သော​အ​ချိန်​တစ်​ခု​အ​တွင်း ရ​ရှိ​ကြ​လိမ့်​မည်။