25 သင်တို့၌ရှိသောအရာကိုသာ ငါကြွလာသည့်တိုင်အောင် စွဲကိုင်ထားကြလော့။
26 အောင်မြင်သောသူနှင့် ငါ၏အမှုကို အဆုံးတိုင်အောင်စောင့်ထိန်းသောသူအား လူမျိုးတကာတို့ကိုအုပ်စိုးရသောအခွင့်ကို ငါပေးသဖြင့်
27 သူသည် မြေအိုးများကိုကြေမွစေသကဲ့သို့ သံလှံတံဖြင့် သူတို့ကိုအုပ်ထိန်းလိမ့်မည်။ ဤသည်ကား ငါကိုယ်တိုင် ငါ့ခမည်းတော်ထံမှရရှိသောအုပ်စိုးခွင့်နှင့်တူ၏။
28 ငါသည် မိုးသောက်ကြယ်ကိုလည်း ထိုသူအား ပေးမည်။
29 ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။