ဗျာ​ဒိတ်​ကျမ်း 20:1-5 MSB

1 ထို့​နောက် ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် အ​တိုင်း​မ​သိ​နက်​ရှိုင်း​ရာ​အ​ရပ်​၏​သော့​နှင့် ကြီး​မား​သော​သံ​ကြိုး​တို့​ကို မိ​မိ​လက်​၌​ကိုင်​ထား​လျက် ကောင်း​ကင်​မှ​ဆင်း​သက်​လာ​သည်​ကို ငါ​မြင်​ရ​၏။

2 သူ​သည် မာရ်​နတ်​စာ​တန်​ဖြစ်​သည့် ရှေး​မြွေ​ဟောင်း​တည်း​ဟူ​သော​န​ဂါး​ကို​ဖမ်း​လျက် အ​နှစ်​တစ်​ထောင်​ချည်​နှောင်​ထား​၍

3 အ​နှစ်​တစ်​ထောင်​ကုန်​ဆုံး​သည်​အ​ထိ လူ​များ​တို့​ကို နောက်​ထပ်​မ​လှည့်​ဖြား​နိုင်​ရန် သူ့​ကို အ​တိုင်း​မ​သိ​နက်​ရှိုင်း​ရာ​ထဲ​သို့​ပစ်​ချ​လျက် ပိတ်​လှောင်​ကာ အ​ပေါ်​မှ​တံ​ဆိပ်​ခတ်​ထား​လေ​၏။ ထို​အ​ချိန်​ကာ​လ​များ​ပြီး​မှ သူ့​ကို ခေတ္တ​ခ​ဏ​လွှတ်​ပေး​ရ​မည်​ဖြစ်​၏။

4 ထို့​နောက် ပလ္လင်​များ​နှင့် ၎င်း​တို့​အ​ပေါ်​တွင်​ထိုင်​နေ​သော​သူ​တို့​ကို ငါ​မြင်​ရ​၏။ ထို​သူ​တို့​သည် တ​ရား​စီ​ရင်​ခွင့်​ကို​ရ​ကြ​၏။ တစ်​ဖန် ယေ​ရှု​နှင့်​ဆိုင်​သော​သက်​သေ​ခံ​ချက်​အ​တွက်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​အ​တွက်​လည်း​ကောင်း ခေါင်း​ဖြတ်​ခံ​ရ​သော​သူ​တို့​၏​ဝိ​ညာဉ်​များ​မှ​စ​၍ သား​ရဲ​နှင့်​သား​ရဲ​၏​ရုပ်​တု​ကို​မ​ကိုး​ကွယ်၊ သူ​၏​အ​မှတ်​တံ​ဆိပ်​ကို​လည်း မိ​မိ​တို့​၏​န​ဖူး သို့​မ​ဟုတ် လက်​တွင် မ​ခံ​ယူ​သော​သူ​တို့​ကို ငါ​မြင်​ရ​၏။ သူ​တို့​သည် အ​သက်​ပြန်​ရှင်​၍ အ​နှစ်​တစ်​ထောင်​ပတ်​လုံး ခ​ရစ်​တော်​နှင့်​အ​တူ​စိုး​စံ​ကြ​၏။

5 အ​ခြား​သော​သေ​လွန်​သူ​တို့​သည် အ​နှစ်​တစ်​ထောင်​ကုန်​ဆုံး​သည်​အ​ထိ အ​သက်​ပြန်​မ​ရှင်​ကြ​ပေ။ ဤ​သည်​ကား ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​ခြင်း​ဖြစ်​၏။