ဗျာ​ဒိတ်​ကျမ်း 20:12-15 MSB

12 တစ်​ဖန် သေ​လွန်​သော​သူ​အ​ကြီး​အ​ငယ်​တို့​သည် ပလ္လင်​တော်​ရှေ့​၌​ရပ်​နေ​ကြ​သည်​ကို ငါ​မြင်​ရ​၏။ စာ​စောင်​များ​ကို​ဖွင့်​ထား​၍ အ​သက်​စာ​စောင်​တည်း​ဟူ​သော အ​ခြား​သော​စာ​စောင်​ကို​လည်း​ဖွင့်​ထား​၏။ သေ​လွန်​သော​သူ​တို့​သည် ထို​စာ​စောင်​များ​တွင်​ရေး​ထား​သည့်​အ​တိုင်း မိ​မိ​တို့​ပြု​သော​အ​မှု​များ​နှင့်​အ​ညီ တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​၏။

13 ပင်​လယ်​သည် မိ​မိ​၌​ရှိ​သည့်​လူ​သေ​တို့​ကို ပေး​အပ်​လေ​၏။ သေ​ခြင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ​တို့​သည်​လည်း မိ​မိ​၌​ရှိ​သည့်​လူ​သေ​တို့​ကို ပေး​အပ်​ကြ​၏။ ထို​အ​ခါ လူ​အ​သီး​သီး​တို့​သည် မိ​မိ​တို့​ပြု​သော​အ​မှု​များ​နှင့်​အ​ညီ တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​၏။

14 ထို့​နောက် သေ​ခြင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ​တို့​သည် မီး​အိုင်​ထဲ​သို့ ပစ်​ချ​ခြင်း​ခံ​ရ​ကြ​၏။ ဤ​မီး​အိုင်​သည် ဒု​တိ​ယ​သေ​ခြင်း​ဖြစ်​၏။

15 အ​သက်​စာ​စောင်​၌ စာ​ရင်း​မ​ဝင်​သော​သူ​ရှိ​သ​မျှ​တို့​သည်​လည်း မီး​အိုင်​ထဲ​သို့ ပစ်​ချ​ခြင်း​ခံ​ရ​ကြ​၏။