ဗျာ​ဒိတ်​ကျမ်း 20:2-8 MSB

2 သူ​သည် မာရ်​နတ်​စာ​တန်​ဖြစ်​သည့် ရှေး​မြွေ​ဟောင်း​တည်း​ဟူ​သော​န​ဂါး​ကို​ဖမ်း​လျက် အ​နှစ်​တစ်​ထောင်​ချည်​နှောင်​ထား​၍

3 အ​နှစ်​တစ်​ထောင်​ကုန်​ဆုံး​သည်​အ​ထိ လူ​များ​တို့​ကို နောက်​ထပ်​မ​လှည့်​ဖြား​နိုင်​ရန် သူ့​ကို အ​တိုင်း​မ​သိ​နက်​ရှိုင်း​ရာ​ထဲ​သို့​ပစ်​ချ​လျက် ပိတ်​လှောင်​ကာ အ​ပေါ်​မှ​တံ​ဆိပ်​ခတ်​ထား​လေ​၏။ ထို​အ​ချိန်​ကာ​လ​များ​ပြီး​မှ သူ့​ကို ခေတ္တ​ခ​ဏ​လွှတ်​ပေး​ရ​မည်​ဖြစ်​၏။

4 ထို့​နောက် ပလ္လင်​များ​နှင့် ၎င်း​တို့​အ​ပေါ်​တွင်​ထိုင်​နေ​သော​သူ​တို့​ကို ငါ​မြင်​ရ​၏။ ထို​သူ​တို့​သည် တ​ရား​စီ​ရင်​ခွင့်​ကို​ရ​ကြ​၏။ တစ်​ဖန် ယေ​ရှု​နှင့်​ဆိုင်​သော​သက်​သေ​ခံ​ချက်​အ​တွက်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​အ​တွက်​လည်း​ကောင်း ခေါင်း​ဖြတ်​ခံ​ရ​သော​သူ​တို့​၏​ဝိ​ညာဉ်​များ​မှ​စ​၍ သား​ရဲ​နှင့်​သား​ရဲ​၏​ရုပ်​တု​ကို​မ​ကိုး​ကွယ်၊ သူ​၏​အ​မှတ်​တံ​ဆိပ်​ကို​လည်း မိ​မိ​တို့​၏​န​ဖူး သို့​မ​ဟုတ် လက်​တွင် မ​ခံ​ယူ​သော​သူ​တို့​ကို ငါ​မြင်​ရ​၏။ သူ​တို့​သည် အ​သက်​ပြန်​ရှင်​၍ အ​နှစ်​တစ်​ထောင်​ပတ်​လုံး ခ​ရစ်​တော်​နှင့်​အ​တူ​စိုး​စံ​ကြ​၏။

5 အ​ခြား​သော​သေ​လွန်​သူ​တို့​သည် အ​နှစ်​တစ်​ထောင်​ကုန်​ဆုံး​သည်​အ​ထိ အ​သက်​ပြန်​မ​ရှင်​ကြ​ပေ။ ဤ​သည်​ကား ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​ခြင်း​ဖြစ်​၏။

6 ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​ခြင်း​၌​ပါ​သော​သူ​သည် မင်္ဂ​လာ​ရှိ​သူ၊ သန့်​ရှင်း​သူ​ဖြစ်​၏။ ဒု​တိ​ယ​သေ​ခြင်း​သည် သူ​တို့​အ​ပေါ်​မည်​သည့်​အ​ခွင့်​အာ​ဏာ​မျှ​မ​ရှိ။ သူ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​ခ​ရစ်​တော်​၏​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​ပြီး ခ​ရစ်​တော်​နှင့်​အ​တူ အ​နှစ်​တစ်​ထောင်​စိုး​စံ​ကြ​လိမ့်​မည်။

7 ထို​အ​နှစ်​တစ်​ထောင်​ကုန်​ဆုံး​သော​အ​ခါ စာ​တန်​သည် သူ​ချုပ်​နှောင်​ခံ​ရ​ရာ​အ​ကျဉ်း​ထောင်​မှ လွှတ်​ပေး​ခြင်း​ခံ​ရ​၍

8 ကမ္ဘာ​မြေ​ကြီး​လေး​မျက်​နှာ​ရှိ လူ​မျိုး​များ​ဖြစ်​ကြ​သည့် ဂေါ​ဂ၊ မာ​ဂေါ​ဂ​ကို​လှည့်​ဖြား​ရန်​နှင့် စစ်​ပွဲ​အ​တွက် သူ​တို့​ကို​စု​ဝေး​စေ​ရန် ထွက်​သွား​လိမ့်​မည်။ သူ​တို့​၏​အ​ရေ​အ​တွက်​သည် သ​မုဒ္ဒ​ရာ​သဲ​ပွင့်​များ​နှင့်​အ​မျှ​ရှိ​ကြ​၏။