ဗျာ​ဒိတ်​ကျမ်း 20:4-10 MSB

4 ထို့​နောက် ပလ္လင်​များ​နှင့် ၎င်း​တို့​အ​ပေါ်​တွင်​ထိုင်​နေ​သော​သူ​တို့​ကို ငါ​မြင်​ရ​၏။ ထို​သူ​တို့​သည် တ​ရား​စီ​ရင်​ခွင့်​ကို​ရ​ကြ​၏။ တစ်​ဖန် ယေ​ရှု​နှင့်​ဆိုင်​သော​သက်​သေ​ခံ​ချက်​အ​တွက်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​အ​တွက်​လည်း​ကောင်း ခေါင်း​ဖြတ်​ခံ​ရ​သော​သူ​တို့​၏​ဝိ​ညာဉ်​များ​မှ​စ​၍ သား​ရဲ​နှင့်​သား​ရဲ​၏​ရုပ်​တု​ကို​မ​ကိုး​ကွယ်၊ သူ​၏​အ​မှတ်​တံ​ဆိပ်​ကို​လည်း မိ​မိ​တို့​၏​န​ဖူး သို့​မ​ဟုတ် လက်​တွင် မ​ခံ​ယူ​သော​သူ​တို့​ကို ငါ​မြင်​ရ​၏။ သူ​တို့​သည် အ​သက်​ပြန်​ရှင်​၍ အ​နှစ်​တစ်​ထောင်​ပတ်​လုံး ခ​ရစ်​တော်​နှင့်​အ​တူ​စိုး​စံ​ကြ​၏။

5 အ​ခြား​သော​သေ​လွန်​သူ​တို့​သည် အ​နှစ်​တစ်​ထောင်​ကုန်​ဆုံး​သည်​အ​ထိ အ​သက်​ပြန်​မ​ရှင်​ကြ​ပေ။ ဤ​သည်​ကား ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​ခြင်း​ဖြစ်​၏။

6 ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​ခြင်း​၌​ပါ​သော​သူ​သည် မင်္ဂ​လာ​ရှိ​သူ၊ သန့်​ရှင်း​သူ​ဖြစ်​၏။ ဒု​တိ​ယ​သေ​ခြင်း​သည် သူ​တို့​အ​ပေါ်​မည်​သည့်​အ​ခွင့်​အာ​ဏာ​မျှ​မ​ရှိ။ သူ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​ခ​ရစ်​တော်​၏​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​ပြီး ခ​ရစ်​တော်​နှင့်​အ​တူ အ​နှစ်​တစ်​ထောင်​စိုး​စံ​ကြ​လိမ့်​မည်။

7 ထို​အ​နှစ်​တစ်​ထောင်​ကုန်​ဆုံး​သော​အ​ခါ စာ​တန်​သည် သူ​ချုပ်​နှောင်​ခံ​ရ​ရာ​အ​ကျဉ်း​ထောင်​မှ လွှတ်​ပေး​ခြင်း​ခံ​ရ​၍

8 ကမ္ဘာ​မြေ​ကြီး​လေး​မျက်​နှာ​ရှိ လူ​မျိုး​များ​ဖြစ်​ကြ​သည့် ဂေါ​ဂ၊ မာ​ဂေါ​ဂ​ကို​လှည့်​ဖြား​ရန်​နှင့် စစ်​ပွဲ​အ​တွက် သူ​တို့​ကို​စု​ဝေး​စေ​ရန် ထွက်​သွား​လိမ့်​မည်။ သူ​တို့​၏​အ​ရေ​အ​တွက်​သည် သ​မုဒ္ဒ​ရာ​သဲ​ပွင့်​များ​နှင့်​အ​မျှ​ရှိ​ကြ​၏။

9 သူ​တို့​သည် ကမ္ဘာ​မြေ​ကြီး​၏​ကျယ်​ပြန့်​သော​အ​ရပ်​သို့​ချီ​တက်​လာ​၍ သန့်​ရှင်း​သူ​တို့​၏​စ​ခန်း​နှင့် ချစ်​တော်​မူ​သော​မြို့​ကို ဝိုင်း​ကြ​၏။ ထို​အ​ခါ ကောင်း​ကင်​မှ မီး​ကျ​လာ​၍ သူ​တို့​ကို​လောင်​ကျွမ်း​လေ​၏။

10 သူ​တို့​ကို​လှည့်​ဖြား​သော​မာရ်​နတ်​သည်​လည်း သား​ရဲ​နှင့်​ပ​ရော​ဖက်​အ​တု​အ​ယောင်​တို့​ရှိ​ရာ ကန့်​နှင့်​ရော​သော​မီး​အိုင်​ထဲ​သို့ ပစ်​ချ​ခြင်း​ခံ​ရ​၏။ သူ​တို့​သည် ထို​နေ​ရာ​၌ နေ့​ရော​ည​ပါ ကမ္ဘာ​အ​ဆက်​ဆက် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။