ဗျာ​ဒိတ်​ကျမ်း 22:1-4 MSB

1 ထို့​နောက် ကောင်း​ကင်​တ​မန်​သည် ကျောက်​သ​လင်း​ကဲ့​သို့​ကြည်​လင်​တောက်​ပ​သော အ​သက်​ရေ​စီး​ရာ​မြစ်​ကို ငါ့​အား​ပြ​လေ​၏။ ထို​မြစ်​သည် ဘု​ရား​သ​ခင်​နှင့်​သိုး​သ​ငယ်​တော်​၏​ပလ္လင်​တော်​မှ ထွက်​၍

2 မြို့​၏​လမ်း​မ​အ​လယ်​တစ်​လျှောက် စီး​ဆင်း​နေ​၏။ မြစ်​၏​တစ်​ဖက်​တစ်​ချက်​စီ​၌​ကား အ​သီး​တစ်​ဆယ့်​နှစ်​မျိုး​သီး​၍ မိ​မိ​အ​သီး​ကို လ​စဉ်​ပေး​တတ်​သည့်​အ​သက်​ပင်​ရှိ​၏။ ထို​အ​ပင်​မှ အ​ရွက်​များ​သည်​လည်း လူ​မျိုး​တ​ကာ​တို့​၏​ကျန်း​မာ​ခြင်း​အ​တွက်​ဖြစ်​၏။

3 ကျိန်​ခြင်း​ခံ​ရ​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ ရှိ​တော့​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​နှင့်​သိုး​သ​ငယ်​တော်​၏​ပလ္လင်​တော်​သည် ထို​မြို့​တွင်​ရှိ​၍ ကိုယ်​တော်​၏​အ​စေ​အ​ပါး​တို့​သည် ကိုယ်​တော်​ကို​ဝတ်​ပြု​ကြ​လိမ့်​မည်။

4 သူ​တို့​သည် ကိုယ်​တော်​၏​မျက်​နှာ​ကို​ဖူး​မြင်​ရ​ကြ​လိမ့်​မည်။ ကိုယ်​တော်​၏​နာ​မ​တော်​သည်​လည်း သူ​တို့​၏​န​ဖူး​ပေါ်​၌​ရှိ​လိမ့်​မည်။