ဗျာ​ဒိတ်​ကျမ်း 22:10-16 MSB

10 တစ်​ဖန် သူ​က “ဤ​စာ​စောင်​ထဲ​မှ ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​စ​ကား​တို့​ကို ချိပ်​ပိတ်​မ​ထား​နှင့်။ အ​ကြောင်း​မူ​ကား အ​ချိန်​နီး​ကပ်​လာ​လေ​ပြီ။

11 မ​တ​ရား​သ​ဖြင့်​ပြု​သော​သူ​သည် ဆက်​၍​မ​တ​ရား​သ​ဖြင့်​ပြု​ပါ​စေ။ ညစ်​ညူး​သော​သူ​သည် ဆက်​၍​ညစ်​ညူး​လျက်​နေ​ပါ​စေ။ ဖြောင့်​မတ်​သော​သူ​သည် ဆက်​၍​ဖြောင့်​မတ်​သော​အ​မှု​ကို​ပြု​ပါ​စေ။ သန့်​ရှင်း​သော​သူ​သည် ဆက်​၍​သန့်​ရှင်း​ခြင်း​ရှိ​ပါ​စေ”​ဟု ငါ့​အား​ဆို​၏။

12 “ကြည့်​ရှု​လော့။ ငါ​သည်​အ​လျင်​အ​မြန်​လာ​မည်။ ငါ​ပေး​မည့်​အ​ကျိုး​အ​ပြစ်​ကို​ယူ​ဆောင်​လာ​၍ လူ​အ​သီး​သီး​တို့​အား မိ​မိ​တို့​ပြု​သော​အ​မှု​အ​တိုင်း ငါ​ပေး​ဆပ်​မည်။

13 ငါ​သည် အာ​လ​ဖာ​နှင့်​အို​မီ​ဂါ​ဖြစ်​၏။ အ​ဦး​ဆုံး​နှင့်​နောက်​ဆုံး​ဖြစ်​၏။ အ​စ​နှင့်​အ​ဆုံး​ဖြစ်​၏။

14 မိ​မိ​တို့​၏​ဝတ်​လုံ​များ​ကို​လျှော်​ဖွပ်​၍ အ​သက်​ပင်​နှင့်​သက်​ဆိုင်​ရ​သော​အ​ခွင့်​ကို​ရ​ရှိ​ကာ တံ​ခါး​များ​မှ မြို့​ထဲ​သို့​ဝင်​ခွင့်​ကို​ရ​ရှိ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

15 အ​ပြင်​၌​ကား ခွေး​များ၊ ပြု​စား​သော​သူ​များ၊ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သူ​များ၊ လူ​သတ်​သူ​များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ​နှင့် မု​သား​ကို​နှစ်​သက်​၍ ကျင့်​သုံး​သော​သူ​အ​ပေါင်း​တို့​ရှိ​ကြ​၏။

16 ငါ​ယေ​ရှု​သည် အ​သင်း​တော်​များ​အ​တွက် ဤ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​အား​သက်​သေ​ခံ​ရန် ငါ​၏​ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​လိုက်​၏။ ငါ​သည် ဒါ​ဝိဒ်​၏​အ​မြစ်​နှင့်​အ​မျိုး​အ​နွယ်​ဖြစ်​ပြီး တောက်​ပ​သော​မိုး​သောက်​ကြယ်​ဖြစ်​၏။”