ဗျာ​ဒိတ်​ကျမ်း 22:12-18 MSB

12 “ကြည့်​ရှု​လော့။ ငါ​သည်​အ​လျင်​အ​မြန်​လာ​မည်။ ငါ​ပေး​မည့်​အ​ကျိုး​အ​ပြစ်​ကို​ယူ​ဆောင်​လာ​၍ လူ​အ​သီး​သီး​တို့​အား မိ​မိ​တို့​ပြု​သော​အ​မှု​အ​တိုင်း ငါ​ပေး​ဆပ်​မည်။

13 ငါ​သည် အာ​လ​ဖာ​နှင့်​အို​မီ​ဂါ​ဖြစ်​၏။ အ​ဦး​ဆုံး​နှင့်​နောက်​ဆုံး​ဖြစ်​၏။ အ​စ​နှင့်​အ​ဆုံး​ဖြစ်​၏။

14 မိ​မိ​တို့​၏​ဝတ်​လုံ​များ​ကို​လျှော်​ဖွပ်​၍ အ​သက်​ပင်​နှင့်​သက်​ဆိုင်​ရ​သော​အ​ခွင့်​ကို​ရ​ရှိ​ကာ တံ​ခါး​များ​မှ မြို့​ထဲ​သို့​ဝင်​ခွင့်​ကို​ရ​ရှိ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

15 အ​ပြင်​၌​ကား ခွေး​များ၊ ပြု​စား​သော​သူ​များ၊ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သူ​များ၊ လူ​သတ်​သူ​များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ​နှင့် မု​သား​ကို​နှစ်​သက်​၍ ကျင့်​သုံး​သော​သူ​အ​ပေါင်း​တို့​ရှိ​ကြ​၏။

16 ငါ​ယေ​ရှု​သည် အ​သင်း​တော်​များ​အ​တွက် ဤ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​အား​သက်​သေ​ခံ​ရန် ငါ​၏​ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​လိုက်​၏။ ငါ​သည် ဒါ​ဝိဒ်​၏​အ​မြစ်​နှင့်​အ​မျိုး​အ​နွယ်​ဖြစ်​ပြီး တောက်​ပ​သော​မိုး​သောက်​ကြယ်​ဖြစ်​၏။”

17 ဝိ​ညာဉ်​တော်​နှင့်​သ​တို့​သ​မီး​တို့​က “ကြွ​လာ​တော်​မူ​ပါ”​ဟု ဆို​ကြ​၏။ ကြား​နာ​သော​သူ​က​လည်း “ကြွ​လာ​တော်​မူ​ပါ”​ဟု ဆို​ပါ​စေ။ ရေ​ငတ်​သော​သူ​သည် လာ​ပါ​စေ။ အ​လို​ရှိ​သော​သူ​သည် အ​သက်​ရေ​ကို အ​ခ​မဲ့​ယူ​ပါ​စေ။

18 ဤ​စာ​စောင်​၌​ပါ​သည့် ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​စ​ကား​တို့​ကို ကြား​ရ​သူ​တိုင်း​အား ငါ​သက်​သေ​ခံ​သည်​ကား မည်​သူ​မ​ဆို ၎င်း​တို့​အ​ပေါ် ထပ်​မံ​ဖြည့်​စွက်​လျှင် ဘု​ရား​သ​ခင်​သည် ဤ​စာ​စောင်​၌​ရေး​ထား​သော​ဘေး​ဒဏ်​များ​ကို ထို​သူ​အ​ပေါ်​၌ သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။