ဗျာ​ဒိတ်​ကျမ်း 22:15-21 MSB

15 အ​ပြင်​၌​ကား ခွေး​များ၊ ပြု​စား​သော​သူ​များ၊ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သူ​များ၊ လူ​သတ်​သူ​များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ​နှင့် မု​သား​ကို​နှစ်​သက်​၍ ကျင့်​သုံး​သော​သူ​အ​ပေါင်း​တို့​ရှိ​ကြ​၏။

16 ငါ​ယေ​ရှု​သည် အ​သင်း​တော်​များ​အ​တွက် ဤ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​အား​သက်​သေ​ခံ​ရန် ငါ​၏​ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​လိုက်​၏။ ငါ​သည် ဒါ​ဝိဒ်​၏​အ​မြစ်​နှင့်​အ​မျိုး​အ​နွယ်​ဖြစ်​ပြီး တောက်​ပ​သော​မိုး​သောက်​ကြယ်​ဖြစ်​၏။”

17 ဝိ​ညာဉ်​တော်​နှင့်​သ​တို့​သ​မီး​တို့​က “ကြွ​လာ​တော်​မူ​ပါ”​ဟု ဆို​ကြ​၏။ ကြား​နာ​သော​သူ​က​လည်း “ကြွ​လာ​တော်​မူ​ပါ”​ဟု ဆို​ပါ​စေ။ ရေ​ငတ်​သော​သူ​သည် လာ​ပါ​စေ။ အ​လို​ရှိ​သော​သူ​သည် အ​သက်​ရေ​ကို အ​ခ​မဲ့​ယူ​ပါ​စေ။

18 ဤ​စာ​စောင်​၌​ပါ​သည့် ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​စ​ကား​တို့​ကို ကြား​ရ​သူ​တိုင်း​အား ငါ​သက်​သေ​ခံ​သည်​ကား မည်​သူ​မ​ဆို ၎င်း​တို့​အ​ပေါ် ထပ်​မံ​ဖြည့်​စွက်​လျှင် ဘု​ရား​သ​ခင်​သည် ဤ​စာ​စောင်​၌​ရေး​ထား​သော​ဘေး​ဒဏ်​များ​ကို ထို​သူ​အ​ပေါ်​၌ သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။

19 မည်​သူ​မ​ဆို ဤ​ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​စာ​စောင်​ထဲ​မှ စ​ကား​လုံး​များ​ကို​နုတ်​ပယ်​လျှင် ဤ​စာ​စောင်​၌​ရေး​ထား​သော​အ​သက်​ပင်​မှ​လည်း​ကောင်း၊ သန့်​ရှင်း​သော​မြို့​တော်​မှ​လည်း​ကောင်း ထို​သူ​ရ​မည့်​ဝေ​စု​ကို ဘု​ရား​သ​ခင်​သည်​နုတ်​ပယ်​တော်​မူ​လိမ့်​မည်။

20 ဤ​အ​ကြောင်း​အ​ရာ​များ​ကို သက်​သေ​ခံ​သော​အ​ရှင်​က “မှန်​ပေ​၏။ ငါ​သည်​အ​လျင်​အ​မြန်​လာ​မည်”​ဟု မိန့်​တော်​မူ​၏။ အာ​မင်။ သ​ခင်​ယေ​ရှု၊ ကြွ​လာ​တော်​မူ​ပါ။

21 သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​သည် သန့်​ရှင်း​သူ​အ​ပေါင်း​တို့​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။ အာ​မင်။