ဗျာ​ဒိတ်​ကျမ်း 22:2-8 MSB

2 မြို့​၏​လမ်း​မ​အ​လယ်​တစ်​လျှောက် စီး​ဆင်း​နေ​၏။ မြစ်​၏​တစ်​ဖက်​တစ်​ချက်​စီ​၌​ကား အ​သီး​တစ်​ဆယ့်​နှစ်​မျိုး​သီး​၍ မိ​မိ​အ​သီး​ကို လ​စဉ်​ပေး​တတ်​သည့်​အ​သက်​ပင်​ရှိ​၏။ ထို​အ​ပင်​မှ အ​ရွက်​များ​သည်​လည်း လူ​မျိုး​တ​ကာ​တို့​၏​ကျန်း​မာ​ခြင်း​အ​တွက်​ဖြစ်​၏။

3 ကျိန်​ခြင်း​ခံ​ရ​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ ရှိ​တော့​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​နှင့်​သိုး​သ​ငယ်​တော်​၏​ပလ္လင်​တော်​သည် ထို​မြို့​တွင်​ရှိ​၍ ကိုယ်​တော်​၏​အ​စေ​အ​ပါး​တို့​သည် ကိုယ်​တော်​ကို​ဝတ်​ပြု​ကြ​လိမ့်​မည်။

4 သူ​တို့​သည် ကိုယ်​တော်​၏​မျက်​နှာ​ကို​ဖူး​မြင်​ရ​ကြ​လိမ့်​မည်။ ကိုယ်​တော်​၏​နာ​မ​တော်​သည်​လည်း သူ​တို့​၏​န​ဖူး​ပေါ်​၌​ရှိ​လိမ့်​မည်။

5 ည​သည် ရှိ​တော့​မည်​မ​ဟုတ်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သူ​တို့​အ​ပေါ်​ထွန်း​လင်း​တော်​မူ​သည်​ဖြစ်​၍ ဆီ​မီး​၏​အ​လင်း​နှင့်​နေ​၏​အ​လင်း​တို့ မ​လို​အပ်​တော့​ပေ။ သူ​တို့​သည် ကမ္ဘာ​အ​ဆက်​ဆက်​စိုး​စံ​ကြ​လိမ့်​မည်။

6 ထို့​နောက် ကောင်း​ကင်​တ​မန်​က “ဤ​စ​ကား​တို့​သည် သစ္စာ​စ​ကား၊ မှန်​ကန်​သော​စ​ကား​ဖြစ်​ကြ​၏။ ပ​ရော​ဖက်​တို့​၏​ဝိ​ညာဉ်​များ​ကို​ပိုင်​သ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မ​ကြာ​မီ​အ​တွင်း​ဖြစ်​ပျက်​ရ​မည့်​အ​ရာ​များ​ကို မိ​မိ​အ​စေ​အ​ပါး​တို့​အား​ပြ​သ​ရန် မိ​မိ​၏​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​တော်​မူ​၏”​ဟု မြွက်​ဆို​လေ​၏။

7 “ကြည့်​ရှု​လော့။ ငါ​သည်​အ​လျင်​အ​မြန်​လာ​မည်။ ဤ​စာ​စောင်​ထဲ​မှ ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​စ​ကား​တို့​ကို လိုက်​နာ​စောင့်​ထိန်း​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။”

8 ငါ​ယော​ဟန်​သည် ဤ​အ​ကြောင်း​အ​ရာ​များ​ကို မြင်​ရ​ကြား​ရ​သော​သူ​ဖြစ်​၏။ ငါ​သည် မြင်​ရ​ကြား​ရ​သော​အ​ခါ ၎င်း​တို့​ကို ငါ့​အား​ပြ​သ​သော ကောင်း​ကင်​တ​မန်​ကို​ရှိ​ခိုး​ရန် သူ​၏​ခြေ​ရင်း​၌ ပျပ်​ဝပ်​လေ​သော်