ဗျာ​ဒိတ်​ကျမ်း 22:7-13 MSB

7 “ကြည့်​ရှု​လော့။ ငါ​သည်​အ​လျင်​အ​မြန်​လာ​မည်။ ဤ​စာ​စောင်​ထဲ​မှ ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​စ​ကား​တို့​ကို လိုက်​နာ​စောင့်​ထိန်း​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။”

8 ငါ​ယော​ဟန်​သည် ဤ​အ​ကြောင်း​အ​ရာ​များ​ကို မြင်​ရ​ကြား​ရ​သော​သူ​ဖြစ်​၏။ ငါ​သည် မြင်​ရ​ကြား​ရ​သော​အ​ခါ ၎င်း​တို့​ကို ငါ့​အား​ပြ​သ​သော ကောင်း​ကင်​တ​မန်​ကို​ရှိ​ခိုး​ရန် သူ​၏​ခြေ​ရင်း​၌ ပျပ်​ဝပ်​လေ​သော်

9 သူ​က “ထို​သို့​မ​ပြု​နှင့်။ ငါ​သည် သင်​မှ​စ​၍ သင့်​ညီ​အစ်​ကို​များ​ဖြစ်​ကြ​သည့် ပ​ရော​ဖက်​များ​နှင့် ဤ​စာ​စောင်​၌​ပါ​သော​စ​ကား​တို့​ကို လိုက်​နာ​စောင့်​ထိန်း​သော​သူ​များ​၏​အ​စေ​အ​ပါး​ချင်း​ဖြစ်​၏။ ဘု​ရား​သ​ခင်​ကို​ရှိ​ခိုး​လော့”​ဟု ဆို​၏။

10 တစ်​ဖန် သူ​က “ဤ​စာ​စောင်​ထဲ​မှ ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​စ​ကား​တို့​ကို ချိပ်​ပိတ်​မ​ထား​နှင့်။ အ​ကြောင်း​မူ​ကား အ​ချိန်​နီး​ကပ်​လာ​လေ​ပြီ။

11 မ​တ​ရား​သ​ဖြင့်​ပြု​သော​သူ​သည် ဆက်​၍​မ​တ​ရား​သ​ဖြင့်​ပြု​ပါ​စေ။ ညစ်​ညူး​သော​သူ​သည် ဆက်​၍​ညစ်​ညူး​လျက်​နေ​ပါ​စေ။ ဖြောင့်​မတ်​သော​သူ​သည် ဆက်​၍​ဖြောင့်​မတ်​သော​အ​မှု​ကို​ပြု​ပါ​စေ။ သန့်​ရှင်း​သော​သူ​သည် ဆက်​၍​သန့်​ရှင်း​ခြင်း​ရှိ​ပါ​စေ”​ဟု ငါ့​အား​ဆို​၏။

12 “ကြည့်​ရှု​လော့။ ငါ​သည်​အ​လျင်​အ​မြန်​လာ​မည်။ ငါ​ပေး​မည့်​အ​ကျိုး​အ​ပြစ်​ကို​ယူ​ဆောင်​လာ​၍ လူ​အ​သီး​သီး​တို့​အား မိ​မိ​တို့​ပြု​သော​အ​မှု​အ​တိုင်း ငါ​ပေး​ဆပ်​မည်။

13 ငါ​သည် အာ​လ​ဖာ​နှင့်​အို​မီ​ဂါ​ဖြစ်​၏။ အ​ဦး​ဆုံး​နှင့်​နောက်​ဆုံး​ဖြစ်​၏။ အ​စ​နှင့်​အ​ဆုံး​ဖြစ်​၏။