ဗျာ​ဒိတ်​ကျမ်း 3:1-4 MSB

1 သာ​ဒိ​မြို့​၌​ရှိ​သော အ​သင်း​တော်​၏​စေ​တ​မန်​အား ဤ​သို့​ရေး​လိုက်​လော့။ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​ခု​နစ်​ပါး​နှင့် ကြယ်​ခု​နစ်​လုံး​ရှိ​သော​သူ​က ဤ​သို့​မိန့်​တော်​မူ​၏။ သင်​၏​လုပ်​ဆောင်​မှု​များ​ကို ငါ​သိ​၏။ သင်​သည် အ​သက်​ရှင်​နေ​သည်​ဟု နာ​မည်​ခံ​ထား​သော်​လည်း သေ​သော​သူ​ဖြစ်​၏။

2 သ​တိ​နှင့်​စောင့်​နေ​လော့။ သေ​လု​နီး​ပါး​ဖြစ်​နေ​သည့် ကျန်​ရှိ​သော​သူ​တို့​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​လော့။ အ​ကြောင်း​မူ​ကား သင်​၏​လုပ်​ဆောင်​မှု​များ​သည် ငါ​၏​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ပြည့်​စုံ​သည်​ဟူ​၍ ငါ​မ​တွေ့​ရ​ပေ။

3 ထို့​ကြောင့် သင်​သည် မည်​သို့​ခံ​ယူ​၍ ကြား​နာ​ခဲ့​သည်​ကို သ​တိ​ရ​လျက် ထို​အ​ရာ​တို့​ကို​စောင့်​ထိန်း​လော့။ နောင်​တ​ရ​လော့။ သင်​သည် သ​တိ​နှင့်​စောင့်​နေ​ခြင်း​မ​ရှိ​ပါ​က သူ​ခိုး​ကဲ့​သို့ ငါ​လာ​မည်​ဖြစ်​၍ မည်​သည့်​အ​ချိန်​၌ သင့်​ထံ​သို့​ငါ​လာ​မည်​ကို သင်​လုံး​ဝ​သိ​လိမ့်​မည်​မ​ဟုတ်။

4 သို့​သော် သာ​ဒိ​မြို့​၌ မိ​မိ​တို့​အ​ဝတ်​ကို​မ​ညစ်​ညူး​စေ​သော​သူ အ​နည်း​ငယ်​ရှိ​၏။ ထို​သူ​တို့​သည် ထိုက်​တန်​သော​သူ​များ​ဖြစ်​သော​ကြောင့် ဖြူ​သော​အ​ဝတ်​ကို​ဝတ်​လျက် ငါ​နှင့်​အ​တူ​သွား​လာ​ကြ​ရ​လိမ့်​မည်။