ဗျာ​ဒိတ်​ကျမ်း 3:13-19 MSB

13 ဝိ​ညာဉ်​တော်​က အ​သင်း​တော်​များ​အား မိန့်​တော်​မူ​သော​အ​ရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ။

14 လော​ဒိ​ကိ​မြို့​၌​ရှိ​သော အ​သင်း​တော်​၏​စေ​တ​မန်​အား ဤ​သို့​ရေး​လိုက်​လော့။ အာ​မင်​ဖြစ်​သော​သူ၊ သစ္စာ​ရှိ​သည့် ဖြောင့်​မှန်​သော​သက်​သေ၊ ဘု​ရား​သ​ခင်​၏​ဖန်​ဆင်း​တော်​မူ​ခြင်း​တွင် အ​စ​အ​ဦး​ဖြစ်​သော​သူ​က ဤ​သို့​မိန့်​တော်​မူ​၏။

15 သင်​၏​လုပ်​ဆောင်​မှု​များ​ကို ငါ​သိ​၏။ သင်​သည် အ​အေး​လည်း​မ​ဟုတ်၊ အ​ပူ​လည်း​မ​ဟုတ်။ ငါ​သည် သင့်​အား အ​အေး သို့​မ​ဟုတ် အ​ပူ​တစ်​ခု​ခု​ဖြစ်​စေ​လို​၏။

16 သင်​သည် ဤ​သို့ အ​ပူ​လည်း​မ​ဟုတ်၊ အ​အေး​လည်း​မ​ဟုတ်၊ မ​ပူ​မ​အေး​ဖြစ်​နေ​သော​ကြောင့် သင့်​ကို ငါ့​ခံ​တွင်း​ထဲ​မှ ထွေး​ထုတ်​တော့​မည်။

17 သင်​က ‘ငါ​သည် ချမ်း​သာ​၍​ကြွယ်​ဝ​သော​ကြောင့် မည်​သည့်​လို​အပ်​ချက်​မျှ​မ​ရှိ’​ဟု ဆို​နေ​၏။ သို့​သော် သင်​သည် အ​လွန်​စိတ်​ပျက်​ဖွယ်​ကောင်း​သော​သူ၊ သ​နား​စ​ရာ​ကောင်း​သော​သူ၊ ဆင်း​ရဲ​သော​သူ၊ မျက်​စိ​မ​မြင်​သော​သူ​နှင့် အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြစ်​သော​သူ​ဖြစ်​ကြောင်း​ကို သင်​မ​သိ။

18 သင်​သည် ချမ်း​သာ​လာ​စေ​ရန် မီး​ဖြင့်​ချွတ်​၍​သန့်​စင်​ထား​သော​ရွှေ​ကို​လည်း​ကောင်း၊ သင်​၏​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​ခြင်း​အ​ရှက်​ကို​မ​ပေါ်​စေ​ရန် သင်​ဝတ်​ဖို့ ဖြူ​သော​ဝတ်​ရုံ​ကို​လည်း​ကောင်း၊ သင်​၏​မျက်​စိ​ပြန်​မြင်​စေ​ရန် မျက်​စိ​ခတ်​ဖို့ မျက်​စဉ်း​ကို​လည်း​ကောင်း ငါ့​ထံ​မှ​ဝယ်​ယူ​ရန် သင့်​အား ငါ​အ​ကြံ​ပေး​၏။

19 ငါ​သည် ငါ​ချစ်​သ​မျှ​သော​သူ​တို့​၏​အ​ပြစ်​ကို​ဖော်​ပြ​၍ သူ​တို့​ကို​ဆုံး​မ​ပဲ့​ပြင်​တတ်​၏။ ထို့​ကြောင့် စိတ်​အား​ထက်​သန်​ခြင်း​ရှိ​၍ နောင်​တ​ရ​လော့။