ဗျာ​ဒိတ်​ကျမ်း 3:19-22 MSB

19 ငါ​သည် ငါ​ချစ်​သ​မျှ​သော​သူ​တို့​၏​အ​ပြစ်​ကို​ဖော်​ပြ​၍ သူ​တို့​ကို​ဆုံး​မ​ပဲ့​ပြင်​တတ်​၏။ ထို့​ကြောင့် စိတ်​အား​ထက်​သန်​ခြင်း​ရှိ​၍ နောင်​တ​ရ​လော့။

20 ကြည့်​ရှု​လော့။ ငါ​သည် တံ​ခါး​ရှေ့​မှာ​ရပ်​၍ ခေါက်​လျက်​နေ​၏။ မည်​သူ​မ​ဆို ငါ့​အ​သံ​ကို​ကြား​၍ တံ​ခါး​ကို​ဖွင့်​လျှင် ထို​သူ​ရှိ​ရာ​သို့ ငါ​ဝင်​ပြီး သူ​နှင့်​အ​တူ​စား​သောက်​မည်။ သူ​သည်​လည်း ငါ​နှင့်​အ​တူ​စား​သောက်​ရ​လိမ့်​မည်။

21 ငါ​သည် အောင်​မြင်​၍ ငါ့​ခ​မည်း​တော်​နှင့်​အ​တူ ခ​မည်း​တော်​၏​ပလ္လင်​ပေါ်​တွင်​ထိုင်​ရ​သ​ကဲ့​သို့ အောင်​မြင်​သော​သူ​အား ငါ​၏​ပလ္လင်​ပေါ်​တွင် ငါ​နှင့်​အ​တူ​ထိုင်​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်။

22 ဝိ​ညာဉ်​တော်​က အ​သင်း​တော်​များ​အား မိန့်​တော်​မူ​သော​အ​ရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ”​ဟု မိန့်​တော်​မူ​၏