ဗျာ​ဒိတ်​ကျမ်း 4:1-5 MSB

1 ထို့​နောက် ငါ​ကြည့်​လိုက်​ရာ ကောင်း​ကင်​၌​ဖွင့်​ထား​သည့်​တံ​ခါး​တစ်​ခု​ရှိ​၏။ ထို​အ​ခါ ပ​ထ​မ​ဦး​စွာ ငါ့​အား​မိန့်​တော်​မူ​သည်​ကို ငါ​ကြား​ရ​သည့်​တံ​ပိုး​ခ​ရာ​သံ​ကဲ့​သို့​သော​အ​သံ​က “ဤ​အ​ရပ်​သို့​တက်​လာ​လော့။ ဤ​အ​ဖြစ်​အ​ပျက်​များ​နောက်​တွင် ဖြစ်​ပျက်​ရ​မည့်​အ​ရာ​တို့​ကို သင့်​အား ငါ​ပြ​မည်”​ဟု ဆို​၏။

2 ငါ​သည် ချက်​ချင်း​ပင် ဝိ​ညာဉ်​တော်​၌​ရှိ​လေ​ရာ ကြည့်​လော့။ ကောင်း​ကင်​၌​ပလ္လင်​တော်​တစ်​ခု​တည်​ရှိ​၍ ထို​ပလ္လင်​တော်​ပေါ်​တွင် ထိုင်​နေ​သော​အ​ရှင်​တစ်​ပါး​ရှိ​၏။

3 ထိုင်​နေ​တော်​မူ​သော​ထို​အ​ရှင်​သည် န​ဂါး​သွဲ့​နှင့်​ပတ္တ​မြား​ကျောက်​ကဲ့​သို့​သော​အ​ဆင်း​အ​ရောင်​ရှိ​၍ ပလ္လင်​တော်​ပတ်​လည်​တွင် မြ​ကဲ့​သို့​သော​အ​ဆင်း​အ​ရောင်​ရှိ​သည့် သက်​တံ​ရှိ​၏။

4 ပလ္လင်​တော်​၏​ပတ်​ဝန်း​ကျင်​၌​ကား အ​ခြား​သော​ပလ္လင်​နှစ်​ဆယ့်​လေး​ခု​ရှိ​၍ ထို​ပလ္လင်​များ​ပေါ်​တွင် ဖြူ​သော​ဝတ်​ရုံ​ကို​ဝတ်​ဆင်​လျက် ဦး​ခေါင်း​ပေါ်​၌ ရွှေ​သ​ရ​ဖူ​ကို​ဆောင်း​ထား​သည့် သက်​ကြီး​ဝါ​ကြီး​နှစ်​ဆယ့်​လေး​ပါး​တို့​သည် ထိုင်​နေ​ကြ​၏။

5 ပလ္လင်​တော်​အ​ထဲ​မှ လျှပ်​စီး​လက်​ခြင်း၊ အ​သံ​မြည်​ဟည်း​ခြင်း​နှင့် မိုး​ချုန်း​ခြင်း​များ​ဖြစ်​ပေါ်​လေ​၏။ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​ခု​နစ်​ပါး​ဖြစ်​သော မီး​ခွက်​ခု​နစ်​လုံး​သည်​လည်း ပလ္လင်​တော်​ရှေ့​၌ တောက်​လောင်​လျက်​ရှိ​၏။