ဗျာ​ဒိတ်​ကျမ်း 4:4-10 MSB

4 ပလ္လင်​တော်​၏​ပတ်​ဝန်း​ကျင်​၌​ကား အ​ခြား​သော​ပလ္လင်​နှစ်​ဆယ့်​လေး​ခု​ရှိ​၍ ထို​ပလ္လင်​များ​ပေါ်​တွင် ဖြူ​သော​ဝတ်​ရုံ​ကို​ဝတ်​ဆင်​လျက် ဦး​ခေါင်း​ပေါ်​၌ ရွှေ​သ​ရ​ဖူ​ကို​ဆောင်း​ထား​သည့် သက်​ကြီး​ဝါ​ကြီး​နှစ်​ဆယ့်​လေး​ပါး​တို့​သည် ထိုင်​နေ​ကြ​၏။

5 ပလ္လင်​တော်​အ​ထဲ​မှ လျှပ်​စီး​လက်​ခြင်း၊ အ​သံ​မြည်​ဟည်း​ခြင်း​နှင့် မိုး​ချုန်း​ခြင်း​များ​ဖြစ်​ပေါ်​လေ​၏။ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​ခု​နစ်​ပါး​ဖြစ်​သော မီး​ခွက်​ခု​နစ်​လုံး​သည်​လည်း ပလ္လင်​တော်​ရှေ့​၌ တောက်​လောင်​လျက်​ရှိ​၏။

6 ထို့​ပြင် ပလ္လင်​တော်​ရှေ့​၌ ကျောက်​သ​လင်း​နှင့်​တူ​သည့် ဖန်​ပင်​လယ်​ကဲ့​သို့​သော​အ​ရာ​ရှိ​၏။ ပလ္လင်​တော်​၏​အ​လယ်​နှင့် ပလ္လင်​တော်​ပတ်​လည်​၌​ကား ရှေ့​ဘက်​နှင့်​နောက်​ဘက်​တို့​တွင် မျက်​စိ​များ​ဖြင့်​ပြည့်​နေ​သော​သတ္တ​ဝါ​လေး​ပါး​ရှိ​၏။

7 ပ​ထ​မ​သတ္တ​ဝါ​သည် ခြင်္သေ့​နှင့်​တူ​၍ ဒု​တိ​ယ​သတ္တ​ဝါ​သည် နွား​သ​ငယ်​နှင့်​တူ​၏။ တ​တိ​ယ​သတ္တ​ဝါ​ကား လူ​နှင့်​တူ​သော​မျက်​နှာ​ရှိ​၍ စ​တုတ္ထ​သတ္တ​ဝါ​သည် ပျံ​သန်း​နေ​သော​လင်း​ယုန်​နှင့်​တူ​၏။

8 ထို​သတ္တ​ဝါ​လေး​ပါး​အ​သီး​သီး​တို့​တွင် တောင်​ပံ​ခြောက်​ခု​စီ​ရှိ​၍ ပတ်​ပတ်​လည်​နှင့်​အ​တွင်း​ဘက်​၌ မျက်​စိ​များ​ဖြင့်​ပြည့်​လျက်​ရှိ​ကြ​၏။ သူ​တို့​သည် နေ့​ရော​ည​ပါ ရပ်​နား​ခြင်း​မ​ရှိ​ဘဲ “ယ​ခု​ရှိ​လျက် ယ​ခင်​က​လည်း​ရှိ​လျက် နောင်​အ​ခါ​ကြွ​လာ​မည့် အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​တော်​မူ​၏။ သန့်​ရှင်း​တော်​မူ​၏။ သန့်​ရှင်း​တော်​မူ​၏”​ဟု ကြွေး​ကြော်​နေ​ကြ​၏။

9 ထို​သို့ ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက် ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​၏ ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ကျေး​ဇူး​တော်​တို့​ကို သတ္တ​ဝါ​လေး​ပါး​တို့​သည် ချီး​မွမ်း​ကြ​သော​အ​ခါ

10 သက်​ကြီး​ဝါ​ကြီး​နှစ်​ဆယ့်​လေး​ပါး​တို့​သည် ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​သော​အ​ရှင်​၏​ရှေ့​၌ ပျပ်​ဝပ်​လျက် ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​ကို​ရှိ​ခိုး​ကာ မိ​မိ​တို့​၏​သ​ရ​ဖူ​များ​ကို ပလ္လင်​တော်​ရှေ့​တွင်​ချ​ထား​ပြီး​လျှင်