ဗျာ​ဒိတ်​ကျမ်း 5:2-8 MSB

2 ထို​အ​ခါ ခွန်​အား​ကြီး​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​က “မည်​သူ​သည် စာ​လိပ်​ကို​ဖွင့်​၍ ၎င်း​၏​တံ​ဆိပ်​များ​ကို​ခွာ​ထိုက်​သ​နည်း”​ဟု ကျယ်​လောင်​သော​အ​သံ​နှင့် ကြွေး​ကြော်​နေ​သည်​ကို ငါ​မြင်​ရ​၏။

3 သို့​သော် ကောင်း​ကင်​၌​ဖြစ်​စေ၊ မြေ​ကြီး​ပေါ်​၌​ဖြစ်​စေ၊ မြေ​ကြီး​အောက်​၌​ဖြစ်​စေ စာ​လိပ်​ကို​ဖွင့်​ရန် သို့​မ​ဟုတ် ကြည့်​ရန် တတ်​နိုင်​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။

4 ထို​စာ​လိပ်​ကို​ဖွင့်​ရန် သို့​မ​ဟုတ် ကြည့်​ရန် ထိုက်​တန်​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​တွေ့​ရ​သော​ကြောင့် ငါ​သည် သည်း​ထန်​စွာ​ငို​ကြွေး​၏။

5 ထို​အ​ခါ သက်​ကြီး​ဝါ​ကြီး​များ​ထဲ​မှ​တစ်​ပါး​က “မ​ငို​ကြွေး​နှင့်။ ကြည့်​ရှု​လော့။ ယု​ဒ​အ​နွယ်​မှ​ပေါ်​ထွန်း​သော​ခြင်္သေ့၊ ဒါ​ဝိဒ်​၏​အ​မြစ်​ဖြစ်​တော်​မူ​သော​အ​ရှင်​သည် အောင်​မြင်​သ​ဖြင့် ထို​စာ​လိပ်​နှင့်​တံ​ဆိပ်​ခု​နစ်​ခု​ကို​ဖွင့်​နိုင်​၏”​ဟု ငါ့​အား​ပြော​ဆို​၏။

6 ထို့​နောက် အ​သေ​သတ်​ခြင်း​ခံ​ခဲ့​ရ​ပုံ​ပေါ်​သော သိုး​သ​ငယ်​တော်​သည် ပလ္လင်​တော်​နှင့်​သတ္တ​ဝါ​လေး​ပါး​တို့​၏​အ​ကြား၊ သက်​ကြီး​ဝါ​ကြီး​တို့​၏​အ​လယ်​၌ ရပ်​လျက်​နေ​သည်​ကို ငါ​မြင်​ရ​၏။ ထို​သိုး​သ​ငယ်​တော်​၌ ဦး​ချို​ခု​နစ်​ချောင်း​နှင့် မျက်​စိ​ခု​နစ်​လုံး​ရှိ​၏။ ထို​မျက်​စိ​တို့​သည် မြေ​ကြီး​တစ်​ပြင်​လုံး​သို့​စေ​လွှတ်​ခြင်း​ခံ​ရ​သော ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​ခု​နစ်​ပါး​ဖြစ်​ကြ​၏။

7 သိုး​သ​ငယ်​တော်​သည် လာ​၍ ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​သော​အ​ရှင်​၏​လက်​ယာ​လက်​မှ စာ​လိပ်​ကို​ယူ​လေ​၏။

8 ထို​သို့ စာ​လိပ်​ကို​ယူ​လိုက်​သော​အ​ခါ သတ္တ​ဝါ​လေး​ပါး​တို့​နှင့် သက်​ကြီး​ဝါ​ကြီး​နှစ်​ဆယ့်​လေး​ပါး​တို့​သည် စောင်း​များ​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​၏​ဆု​တောင်း​ချက်​များ​ဖြစ်​ကြ​သော နံ့​သာ​ပေါင်း​နှင့်​ပြည့်​နေ​သည့် ရွှေ​ဖ​လား​များ​ကို​လည်း​ကောင်း အ​သီး​သီး​ကိုင်​ဆောင်​လျက် သိုး​သ​ငယ်​တော်​ရှေ့​၌ ပျပ်​ဝပ်​ကြ​၏။