ဗျာ​ဒိတ်​ကျမ်း 7:1-6 MSB

1 ထို့​နောက် ကောင်း​ကင်​တ​မန်​လေး​ပါး​သည် ကမ္ဘာ​မြေ​ကြီး​၏​ထောင့်​လေး​ထောင့်​တွင်​ရပ်​လျက် မြေ​ကြီး​ပေါ်​သို့​လည်း​ကောင်း၊ ပင်​လယ်​ပေါ်​သို့​လည်း​ကောင်း၊ သစ်​ပင်​ရှိ​သ​မျှ​အ​ပေါ်​သို့​လည်း​ကောင်း လေ​မ​တိုက်​စေ​ရန် မြေ​ကြီး​လေး​မျက်​နှာ​၏​လေ​တို့​အား ထိန်း​ချုပ်​ထား​သည်​ကို ငါ​မြင်​ရ​၏။

2 တစ်​ဖန် အ​ခြား​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​တံ​ဆိပ်​တော်​ကို ကိုင်​ဆောင်​လျက် နေ​ထွက်​ရာ​အ​ရပ်​မှ​တက်​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ကောင်း​ကင်​တ​မန်​သည် မြေ​ကြီး​နှင့်​ပင်​လယ်​တို့​ကို ဘေး​သင့်​စေ​နိုင်​သော​အ​ခွင့်​ရ​ရှိ​ထား​သည့် ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​အား

3 “ငါ​တို့​ဘု​ရား​သ​ခင်​၏​အ​စေ​အ​ပါး​တို့​၏​န​ဖူး​ပေါ်​တွင် တံ​ဆိပ်​ခတ်​နှိပ်​မ​ပြီး​မ​ချင်း မြေ​ကြီး၊ ပင်​လယ်​နှင့် သစ်​ပင်​တို့​ကို ဘေး​မ​သင့်​စေ​နှင့်”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့်​ကြွေး​ကြော်​၏။

4 ထို့​နောက် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ခံ​ရ​သော​သူ​တို့​၏​အ​ရေ​အ​တွက်​ကို ငါ​ကြား​ရ​၏။ အစ္စ​ရေး​အ​မျိုး​သား​တို့​၏​မျိုး​နွယ်​စု​အား​လုံး​ထဲ​မှ တစ်​သိန်း​လေး​သောင်း​လေး​ထောင်​တို့​သည် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ခံ​ရ​ကြ​၏။

5 ယု​ဒ​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်​တို့​သည် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ခံ​ရ​၍ ရု​ဗင်​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊ ဂဒ်​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊

6 အာ​ရှာ​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊ နဿ​လိ​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊ မ​နာ​ရှေ​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊