ဗျာ​ဒိတ်​ကျမ်း 7:12-17 MSB

12 “အာ​မင်။ ကောင်း​ချီး​မင်္ဂ​လာ၊ ဘုန်း​အ​သ​ရေ၊ ဉာဏ်​ပ​ညာ၊ ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း၊ ဂုဏ်​သ​ရေ၊ တန်​ခိုး​နှင့် အ​စွမ်း​သတ္တိ​တို့​သည် ငါ​တို့​ဘု​ရား​သ​ခင်​၌ ကမ္ဘာ​အ​ဆက်​ဆက်​ရှိ​ပါ​စေ​သော။ အာ​မင်”​ဟု မြွက်​ဆို​ကြ​၏။

13 ထို့​နောက် သက်​ကြီး​ဝါ​ကြီး​တို့​ထဲ​မှ​တစ်​ပါး​က “ဖြူ​သော​ဝတ်​လုံ​ကို​ဝတ်​ဆင်​ထား​သော​ဤ​သူ​တို့​သည် မည်​သူ​တို့​နည်း။ မည်​သည့်​အ​ရပ်​မှ​လာ​ကြ​သ​နည်း”​ဟု ငါ့​အား​မေး​၏။

14 ငါ​က​လည်း “သ​ခင်၊ ကိုယ်​တော်​သိ​ပါ​၏”​ဟု ပြန်​လျှောက်​လျှင် ထို​သူ​က “ဤ​သူ​တို့​သည် ကြီး​စွာ​သော​ဆင်း​ရဲ​ဒုက္ခ​ထဲ​မှ ထွက်​လာ​သော​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​၏​ဝတ်​လုံ​များ​ကို သိုး​သ​ငယ်​တော်​၏​သွေး​တော်​အား​ဖြင့် လျှော်​ဖွပ်​လျက် ဖြူ​ဖွေး​စေ​ကြ​၏။

15 ထို့​ကြောင့် သူ​တို့​သည် ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​ရှေ့​၌​နေ​၍ ကိုယ်​တော်​၏​ဗိ​မာန်​တော်​တွင် နေ့​ရော​ည​ပါ ကိုယ်​တော်​ကို​ဝတ်​ပြု​ရ​ကြ​၏။ ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​သော​အ​ရှင်​သည်​လည်း သူ​တို့​နှင့်​အ​တူ​စံ​မြန်း​တော်​မူ​လိမ့်​မည်။

16 သူ​တို့​သည် နောက်​တစ်​ဖန် ဆာ​လောင်​ခြင်း၊ ရေ​ငတ်​ခြင်း ရှိ​တော့​မည်​မ​ဟုတ်။ နေ သို့​မ​ဟုတ် အ​ခြား​မည်​သည့်​အ​ပူ​ရှိန်​မျှ သူ​တို့​အ​ပေါ်​ကျ​ရောက်​မည်​မ​ဟုတ်။

17 အ​ကြောင်း​မူ​ကား ပလ္လင်​တော်​အ​လယ်​တွင်​ရှိ​သော​သိုး​သ​ငယ်​တော်​သည် သူ​တို့​ကို​အုပ်​ထိန်း​၍ အ​သက်​ရေ​ထွက်​ရာ​စမ်း​ရေ​တွင်း​သို့ သူ​တို့​ကို​လမ်း​ပြ​ပို့​ဆောင်​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​လည်း သူ​တို့​၏​မျက်​စိ​မှ မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​ပေး​တော်​မူ​လိမ့်​မည်”​ဟု ဆို​၏။