ဗျာ​ဒိတ်​ကျမ်း 7:4-10 MSB

4 ထို့​နောက် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ခံ​ရ​သော​သူ​တို့​၏​အ​ရေ​အ​တွက်​ကို ငါ​ကြား​ရ​၏။ အစ္စ​ရေး​အ​မျိုး​သား​တို့​၏​မျိုး​နွယ်​စု​အား​လုံး​ထဲ​မှ တစ်​သိန်း​လေး​သောင်း​လေး​ထောင်​တို့​သည် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ခံ​ရ​ကြ​၏။

5 ယု​ဒ​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်​တို့​သည် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ခံ​ရ​၍ ရု​ဗင်​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊ ဂဒ်​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊

6 အာ​ရှာ​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊ နဿ​လိ​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊ မ​နာ​ရှေ​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊

7 ရှိ​မောင်​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊ လေ​ဝိ​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊ ဣ​သ​ခါ​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊

8 ဇာ​ဗု​လုန်​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊ ယော​သပ်​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊ ဗင်္ယာ​မိန်​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်​တို့​သည် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ခံ​ရ​ကြ​၏။

9 ထို့​နောက် ငါ​ကြည့်​လိုက်​ရာ တိုင်း​နိုင်​ငံ၊ မျိုး​နွယ်​စု၊ လူ​မျိုး​နှင့် ဘာ​သာ​စ​ကား​အ​သီး​သီး​တို့​မှ မည်​သူ​မျှ​မ​ရေ​တွက်​နိုင်​သည့်​များ​စွာ​သော​လူ​အ​စု​အ​ဝေး​သည် ဖြူ​သော​ဝတ်​လုံ​ကို​ဝတ်​ဆင်​ထား​လျက် သူ​တို့​လက်​၌ စွန်​ပ​လွံ​ခက်​များ​ကိုင်​ဆောင်​ကာ ပလ္လင်​တော်​နှင့်​သိုး​သ​ငယ်​တော်​ရှေ့​တွင် ရပ်​နေ​ကြ​၏။

10 သူ​တို့​က “ကယ်​တင်​ခြင်း​သည် ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​သော ငါ​တို့​၏​ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်​တော်​၌​ရှိ​၏”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့်​ကြွေး​ကြော်​ကြ​၏။