ဗျာ​ဒိတ်​ကျမ်း 8:1-4 MSB

1 သိုး​သ​ငယ်​တော်​သည် သတ္တ​မ​တံ​ဆိပ်​ကို​ဖွင့်​သော​အ​ခါ ကောင်း​ကင်​၌ နာ​ရီ​ဝက်​ခန့်​မျှ ဆိတ်​ငြိမ်​ခြင်း​ရှိ​၏။

2 ထို့​နောက် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ ရပ်​နေ​သော​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ကို ငါ​မြင်​ရ​၏။ သူ​တို့​အား တံ​ပိုး​ခ​ရာ​ခု​နစ်​ခု​ကို​ပေး​ထား​၏။

3 တစ်​ဖန် အ​ခြား​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် နံ့​သာ​ပူ​ဇော်​ရာ​ရွှေ​ခွက်​ကို​ကိုင်​လျက် ယဇ်​ပလ္လင်​အ​နား​သို့​လာ​၍​ရပ်​လေ​ရာ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​၏​ဆု​တောင်း​ချက်​များ​နှင့်​ပေါင်း​စပ်​၍ ပလ္လင်​တော်​ရှေ့​၌​ရှိ​သည့် ရွှေ​ယဇ်​ပလ္လင်​ပေါ်​တွင်​ဆက်​ကပ်​ရန် များ​စွာ​သော​နံ့​သာ​ပေါင်း​ကို သူ့​အား​ပေး​လေ​၏။

4 ထို​အ​ခါ နံ့​သာ​ပေါင်း​၏​အ​ခိုး​အ​ငွေ့​သည် သန့်​ရှင်း​သူ​တို့​၏​ဆု​တောင်း​ချက်​များ​နှင့်​အ​တူ ကောင်း​ကင်​တ​မန်​၏​လက်​ထဲ​မှ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​သို့​တက်​သွား​လေ​၏။