ဗျာ​ဒိတ်​ကျမ်း 8:2-8 MSB

2 ထို့​နောက် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ ရပ်​နေ​သော​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ကို ငါ​မြင်​ရ​၏။ သူ​တို့​အား တံ​ပိုး​ခ​ရာ​ခု​နစ်​ခု​ကို​ပေး​ထား​၏။

3 တစ်​ဖန် အ​ခြား​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် နံ့​သာ​ပူ​ဇော်​ရာ​ရွှေ​ခွက်​ကို​ကိုင်​လျက် ယဇ်​ပလ္လင်​အ​နား​သို့​လာ​၍​ရပ်​လေ​ရာ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​၏​ဆု​တောင်း​ချက်​များ​နှင့်​ပေါင်း​စပ်​၍ ပလ္လင်​တော်​ရှေ့​၌​ရှိ​သည့် ရွှေ​ယဇ်​ပလ္လင်​ပေါ်​တွင်​ဆက်​ကပ်​ရန် များ​စွာ​သော​နံ့​သာ​ပေါင်း​ကို သူ့​အား​ပေး​လေ​၏။

4 ထို​အ​ခါ နံ့​သာ​ပေါင်း​၏​အ​ခိုး​အ​ငွေ့​သည် သန့်​ရှင်း​သူ​တို့​၏​ဆု​တောင်း​ချက်​များ​နှင့်​အ​တူ ကောင်း​ကင်​တ​မန်​၏​လက်​ထဲ​မှ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​သို့​တက်​သွား​လေ​၏။

5 ထို့​နောက် ထို​ကောင်း​ကင်​တ​မန်​သည် နံ့​သာ​ပူ​ဇော်​ရာ​ခွက်​ကို​ယူ​၍ ၎င်း​ကို ယဇ်​ပလ္လင်​၏​မီး​နှင့်​ပြည့်​စေ​ပြီး​လျှင် မြေ​ကြီး​ပေါ်​သို့​ပစ်​ချ​လိုက်​ရာ လျှပ်​စီး​လက်​ခြင်း၊ အ​သံ​မြည်​ဟည်း​ခြင်း၊ မိုး​ချုန်း​ခြင်း​နှင့် င​လျင်​လှုပ်​ခြင်း​များ ဖြစ်​ပေါ်​လေ​၏။

6 ထို​အ​ခါ တံ​ပိုး​ခ​ရာ​ခု​နစ်​ခု​ရှိ​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​ရန် ပြင်​ဆင်​ကြ​၏။

7 ပ​ထ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​လိုက်​သော​အ​ခါ သွေး​နှင့်​ရော​နှော​သော မိုး​သီး​နှင့်​မီး​တို့​ဖြစ်​ပေါ်​လာ​၍ မြေ​ကြီး​ပေါ်​သို့​ပစ်​ချ​ခြင်း​ခံ​ရ​၏။ ထို​အ​ခါ မြေ​ကြီး​၏​သုံး​ပုံ​တစ်​ပုံ​သည် လောင်​ကျွမ်း​၍ သစ်​ပင်​များ​၏​သုံး​ပုံ​တစ်​ပုံ​နှင့် စိမ်း​လန်း​သော​မြက်​ပင်​ရှိ​သ​မျှ​တို့​သည်​လည်း လောင်​ကျွမ်း​သွား​၏။

8 ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​လိုက်​သော​အ​ခါ မီး​တောက်​လောင်​နေ​သည့် ကြီး​မား​သော​တောင်​ကဲ့​သို့​သော​အ​ရာ​သည် ပင်​လယ်​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​၏။ ထို​အ​ခါ ပင်​လယ်​သုံး​ပုံ​တစ်​ပုံ​သည် သွေး​ဖြစ်​သွား​သ​ဖြင့်