ဗျာ​ဒိတ်​ကျမ်း 9:1-5 MSB

1 ပဉ္စ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​လိုက်​သော​အ​ခါ ကောင်း​ကင်​မှ​မြေ​ကြီး​ပေါ်​သို့​ကျ​လာ​သော ကြယ်​တစ်​လုံး​ကို ငါ​မြင်​ရ​၏။ ထို​ကြယ်​အား အ​တိုင်း​မ​သိ​နက်​ရှိုင်း​သော​တွင်း​၏​သော့​ကို ပေး​အပ်​ထား​၏။

2 သူ​သည် ထို​အ​တိုင်း​မ​သိ​နက်​ရှိုင်း​သော​တွင်း​ကို ဖွင့်​လိုက်​သော​အ​ခါ မီး​ဖို​ကြီး​၏​မီး​ခိုး​ကဲ့​သို့​သော​မီး​ခိုး​များ​သည် ထို​တွင်း​ထဲ​မှ​တက်​လာ​ပြီး ထို​တွင်း​၏​မီး​ခိုး​များ​ကြောင့် နေ​နှင့်​အာ​ကာ​သ​သည် မှောင်​မိုက်​သွား​လေ​၏။

3 ထို့​နောက် ထို​မီး​ခိုး​ထဲ​မှ ကျိုင်း​ကောင်​များ​သည် မြေ​ကြီး​ပေါ်​သို့​ထွက်​လာ​ကြ​၏။ သူ​တို့​အား မြေ​ကြီး​၏​ကင်း​မြီး​ကောက်​တို့​၌​ရှိ​သည့် အ​စွမ်း​ကဲ့​သို့​သော​အ​စွမ်း​ကို ပေး​အပ်​ထား​၏။

4 မြေ​ကြီး​ပေါ်​ရှိ​မြက်​ပင်​များ​နှင့် မည်​သည့်​စိမ်း​လန်း​သော​အ​ရာ သို့​မ​ဟုတ် မည်​သည့်​သစ်​ပင်​ကို​မျှ ဘေး​မ​သင့်​စေ​ဘဲ န​ဖူး​ပေါ်​တွင် ဘု​ရား​သ​ခင်​၏​တံ​ဆိပ်​တော်​မ​ရှိ​သော​သူ​တို့​ကို​သာ ဘေး​သင့်​စေ​ရန် သူ​တို့​အား​မှာ​ထား​၏။

5 ထို့​ပြင် လူ​တို့​ကို​အ​သေ​မ​သတ်​ဘဲ ငါး​လ​ပတ်​လုံး​ညှဉ်း​ဆဲ​သော​အ​ခွင့်​ကို​ပေး​ထား​၏။ လူ​တို့​ခံ​ရ​သည့်​ဝေ​ဒ​နာ​သည် လူ​ကို ကင်း​မြီး​ကောက်​ထိုး​သော​အ​ခါ ခံ​ရ​သည့်​ဝေ​ဒ​နာ​မျိုး​နှင့်​တူ​၏။