ဗျာ​ဒိတ်​ကျမ်း 9:16-21 MSB

16 မြင်း​စီး​သူ​ရဲ​တို့​၏​အ​ရေ​အ​တွက်​မှာ သန်း​ပေါင်း​နှစ်​ရာ​ဖြစ်​၏။ သူ​တို့​၏​အ​ရေ​အ​တွက်​ကို ငါ​ကြား​ရ​၏။

17 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၌ ငါ​မြင်​ရ​သော မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ​တို့​မှာ ဤ​သို့​ဖြစ်​၏။ မြင်း​စီး​သူ​ရဲ​တို့​၌ မီး​လျှံ​ရောင်၊ နက်​ပြာ​ရောင်​နှင့် ကန့်​ကဲ့​သို့​ဝါ​သော ရင်​အုပ်​တန်​ဆာ​များ​ရှိ​ကြ​၏။ မြင်း​တို့​၏​ဦး​ခေါင်း​သည် ခြင်္သေ့​၏​ဦး​ခေါင်း​နှင့်​တူ​၍ သူ​တို့​၏​ခံ​တွင်း​ထဲ​မှ မီး​လျှံ၊ မီး​ခိုး​နှင့် ကန့်​များ​ထွက်​နေ​ကြ​၏။

18 သူ​တို့​၏​ခံ​တွင်း​ထဲ​မှ​ထွက်​သည့် မီး​လျှံ၊ မီး​ခိုး​နှင့် ကန့်​တည်း​ဟူ​သော ဤ​ဘေး​ဒဏ်​သုံး​ပါး​တို့​ကြောင့် လူ​သား​သုံး​ပုံ​တစ်​ပုံ​သေ​ကြ​၏။

19 မြင်း​တို့​၏​အ​စွမ်း​သည် သူ​တို့​၏​ခံ​တွင်း​နှင့်​အ​မြီး​တို့​၌​ရှိ​၏။ သူ​တို့​၏​အ​မြီး​သည် မြွေ​နှင့်​တူ​ပြီး ဦး​ခေါင်း​ရှိ​၍ ထို​ဦး​ခေါင်း​အား​ဖြင့် လူ​တို့​အား​ဘေး​သင့်​စေ​၏။

20 ထို​ဘေး​ဒဏ်​များ​ဖြင့် မ​သေ​ဘဲ​ကျန်​ခဲ့​သော​သူ​တို့​သည် နတ်​ဆိုး​များ​ကို​လည်း​ကောင်း၊ ရွှေ၊ ငွေ၊ ကြေး​နီ၊ ကျောက်၊ သစ်​သား​တို့​ဖြင့် ပြု​လုပ်​ထား​သော မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ လမ်း​မ​လျှောက်​နိုင်​သည့် ရုပ်​တု​များ​ကို​လည်း​ကောင်း မ​ကိုး​ကွယ်​ဘဲ​နေ​ရန် မိ​မိ​တို့​လက်​ဖြင့်​ပြု​လုပ်​သော​အ​ရာ​များ​အ​တွက် နောင်​တ​မ​ရ​ကြ။

21 မိ​မိ​တို့​ပြု​ခဲ့​သော လူ​သတ်​ခြင်း၊ ပြု​စား​ခြင်း၊ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​နှင့် ခိုး​ယူ​ခြင်း​တို့​အ​တွက်​လည်း နောင်​တ​မ​ရ​ဘဲ​နေ​ကြ​၏။