ဗျာ​ဒိတ်​ကျမ်း 9:2-8 MSB

2 သူ​သည် ထို​အ​တိုင်း​မ​သိ​နက်​ရှိုင်း​သော​တွင်း​ကို ဖွင့်​လိုက်​သော​အ​ခါ မီး​ဖို​ကြီး​၏​မီး​ခိုး​ကဲ့​သို့​သော​မီး​ခိုး​များ​သည် ထို​တွင်း​ထဲ​မှ​တက်​လာ​ပြီး ထို​တွင်း​၏​မီး​ခိုး​များ​ကြောင့် နေ​နှင့်​အာ​ကာ​သ​သည် မှောင်​မိုက်​သွား​လေ​၏။

3 ထို့​နောက် ထို​မီး​ခိုး​ထဲ​မှ ကျိုင်း​ကောင်​များ​သည် မြေ​ကြီး​ပေါ်​သို့​ထွက်​လာ​ကြ​၏။ သူ​တို့​အား မြေ​ကြီး​၏​ကင်း​မြီး​ကောက်​တို့​၌​ရှိ​သည့် အ​စွမ်း​ကဲ့​သို့​သော​အ​စွမ်း​ကို ပေး​အပ်​ထား​၏။

4 မြေ​ကြီး​ပေါ်​ရှိ​မြက်​ပင်​များ​နှင့် မည်​သည့်​စိမ်း​လန်း​သော​အ​ရာ သို့​မ​ဟုတ် မည်​သည့်​သစ်​ပင်​ကို​မျှ ဘေး​မ​သင့်​စေ​ဘဲ န​ဖူး​ပေါ်​တွင် ဘု​ရား​သ​ခင်​၏​တံ​ဆိပ်​တော်​မ​ရှိ​သော​သူ​တို့​ကို​သာ ဘေး​သင့်​စေ​ရန် သူ​တို့​အား​မှာ​ထား​၏။

5 ထို့​ပြင် လူ​တို့​ကို​အ​သေ​မ​သတ်​ဘဲ ငါး​လ​ပတ်​လုံး​ညှဉ်း​ဆဲ​သော​အ​ခွင့်​ကို​ပေး​ထား​၏။ လူ​တို့​ခံ​ရ​သည့်​ဝေ​ဒ​နာ​သည် လူ​ကို ကင်း​မြီး​ကောက်​ထိုး​သော​အ​ခါ ခံ​ရ​သည့်​ဝေ​ဒ​နာ​မျိုး​နှင့်​တူ​၏။

6 ထို​နေ့​ရက်​များ​၌ လူ​တို့​သည် သေ​ခြင်း​ကို​ရှာ​ကြ​လိမ့်​မည်။ သို့​သော် တွေ့​ကြ​မည်​မ​ဟုတ်။ အ​လွန်​သေ​ချင်​သော်​လည်း သေ​ခြင်း​သည် သူ​တို့​ထံ​မှ ထွက်​ပြေး​လိမ့်​မည်။

7 ထို​ကျိုင်း​ကောင်​တို့​၏​သဏ္ဌာန်​သည် စစ်​ပွဲ​အ​တွက်​ပြင်​ဆင်​ထား​သော စစ်​မြင်း​နှင့်​တူ​၏။ သူ​တို့​၏​ဦး​ခေါင်း​ပေါ်​၌ ရွှေ​သ​ရ​ဖူ​ကဲ့​သို့​သော​အ​ရာ​ရှိ​၍ သူ​တို့​၏​မျက်​နှာ​သည် လူ​မျက်​နှာ​နှင့်​တူ​၏။

8 သူ​တို့​၌ မိန်း​မ​ဆံ​ပင်​နှင့်​တူ​သော​ဆံ​ပင်​ရှိ​၍ သူ​တို့​၏​သွား​သည် ခြင်္သေ့​သွား​ကဲ့​သို့​ဖြစ်​၏။