30 လူတို့သည် မြို့ထဲမှထွက်၍ ကိုယ်တော်ထံသို့လာကြ၏။
31 ထိုအချိန်အတောအတွင်း၌ တပည့်တော်တို့က “ရဗ္ဗိ၊ သုံးဆောင်တော်မူပါ”ဟု ကိုယ်တော်အားပန်ကြားကြ၏။
32 သို့သော် ကိုယ်တော်က “ငါ၌ သင်တို့မသိသောစားစရာရှိ၏”ဟု မိန့်တော်မူ၏။
33 ထို့ကြောင့် တပည့်တော်တို့က “တစ်စုံတစ်ယောက်သည် ကိုယ်တော်အား စားစရာကိုယူလာပေးပြီလော”ဟု အချင်းချင်းပြောဆိုကြ၏။
34 ယေရှုကလည်း “ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်ကို ဆောင်ရွက်၍ သူ၏အမှုတော်ကိုပြီးမြောက်စေခြင်းသည် ငါ၏အစားအစာဖြစ်၏။
35 သင်တို့က ‘ရိတ်သိမ်းချိန်ရောက်ရန် လေးလလိုသေး၏’ဟု ဆိုကြသည်မဟုတ်လော။ ငါဆိုသည်ကား လယ်ပြင်တို့ကို မျှော်ကြည့်ကြလော့။ ရိတ်သိမ်းရန်အသင့်ရှိလျက် ဝင်းမှည့်နေပြီ။
36 မျိုးကြဲသောသူနှင့်ရိတ်သိမ်းသောသူသည် အတူတကွဝမ်းမြောက်ကြမည့်အကြောင်း ရိတ်သိမ်းသောသူသည် ဆုလာဘ်ကိုရရှိလျက် ထာဝရအသက်အတွက် အသီးအနှံကိုစုသိမ်းနှင့်ပြီ။